Thursday, January 16, 2014

အမုန်းမဲ့ အမုန်း

လူတွေပြောကြတာတော့
အချစ်နဲ့အမုန်းက ကျောခြင်းကပ်တဲ့..

ငါ့မှာသာ ချစ်ခြင်းရဲ့နောက်မှာ
မြတ်နိုးခြင်းတွေသာ ထပ်ထပ်လာလို့

အလန့်တကြားနဲ့ အမုန်းဆိုတာ ကို
အသည်းအသန် ရှာမိတယ်။

တွေ့တော့တွေ့ပါရဲ့ နင့်ကိုမုန်းတာမဟုတ်ပဲ
ငါ့ကိုယ်ငါပဲ အသေအလဲမုန်းတယ်။

မိုးလင်းတာနဲ့ နင့်ကို တမ်းတမိတဲ့
ငါ့ရဲ့စိတ်ကိုငါမုန်းတယ်။
ည ည နင့်အကြောင်းတွေနဲ့
ပြည့်နှက်နေတဲ့
ငါ့အိပ်မက်တွေကို ငါ..မုန်းတယ်။

တချိန်လုံးနင့်အကြောင်းတွေနဲ့
ပြည့်နှက်နေတဲ့ ...
ငါ့ဦးနှောက်ကို ငါမုန်းတယ်။
အကြိုက်ခြင်းတူတဲ့ သီချင်းသံကြားရင်း
တမ်းတမိတဲ့စိတ်နဲ့ ၀ဲတက်လာတဲ့
ငါ့ရဲ့မျက်ရည်တွေကို ငါ..မုန်းတယ်။

မျှော်လင့်ခြင်းတွေ ပြည့်နှက်နေတဲ့
ငါ့ရဲ့မနက်ဖြန်တွေကို ငါမုန်းတယ်။
နင့်အကြောင်းကို တွေးမိရင်ပဲ
ယောင်ယောင်လေး ပြုံးမိတဲ့
ငါ့ရဲ့နှုတ်ခမ်းတွေကို ငါ..မုန်းတယ်။

နင့်နာမည် ကြားရင်ပဲ
နွေးကနဲ ဖြစ်သွားတဲ့
လက်ဝဲဘက် ရင်အုံ အောက်က
ငါ့ရဲ့ခံစားချက်ကို ငါမုန်းတယ်။

credit >> unknown

:')

နင်နဲ့ပါတ်သက်ရင် အရာအားလုံးကို သိအောင်ငါမကြိုးစားတော့ဘူး
မသိသင့်တာထက် ပိုသိရခဲ့တာက ရင်နာရတယ်

နင်နဲ့ပါတ်သက်ရင် အရာအားလုံးကို နားလည်နိုင်အောင်ငါမကြိုးစားတော့ဘူး နားလည်သင့်တာထက် ပိုနားလည်မိခဲ့ရင် စိတ်နာရတယ်

တစ်ကယ်ဆို ... ဘေးနားမှာ အတူရှိပေးချင်ခဲ့တာပါ
အတ္တတွေဖုံးလွမ်းနေတဲ့နင့်စိတ်ကို ငါ နားလည်မပေးနိုင်တော့တာ
ငါ့မှာ အပြစ်ရှိနေခဲ့လား

ဒါဆိုရင်တော့ ချစ်သူရယ်..ငါ့တို့ဇာတ်လမ်းကို ရင်နာစွာနဲ့ပဲ
အဆုံးသတ်တော့မယ်.. နင့်ရဲ့နောက်လူ
ငါ့ထက် ချစ်နိုင်ပါစေ.......။။။။

Thwin Gyi

;)

ရက်ပေါင်းများစွာအတူအနားမှာရှိနေပေမယ့်
ကိုယ်အပေါ် သူအချစ်တွေမရှိနိုင်ရင် ဒါဟာလဲ
သူကိုယ်အပေါ် မချစ်ဘူးဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ပါဘဲ......။

မိုင်ပေါင်းများစွာ အဝေးမှာနေနေကြပေမယ့်
အချစ်တိုင်း ကိုယ်စိတ်က သူအပေါ် အမြဲတမ်း
သတိရတမ်းတနေရင် ဒါဟာလဲ အချစ်စစ်ပါဘဲ ......။

ဝေးနေတဲ့ချစ်သူတွေက အမြန်ဆုံးနီးစပ်ဖို့
ဆုတောင်းနေကြတယ် ......။

အနီးမှာရှိတဲ့ ချစ်သူတွေက
ထာဝရလက်တွဲခွင့်ရဖို့ ဆုတောင်းတယ် ......။

ချစ်သူ ငါကတော့ ဝေးလဲမဝေးချင်ဘူး ဆုလဲမတောင်းခြင်းဘူး ...........
ဒါပေမယ့် ငါသေတဖန်သက်တဆုံး နင်အနား
အမြဲနေပြီ နင့်အချစ်ကိုတော့ စောင့်မျှော်ချင်တယ်။
ငါကို နင်ရင်ထဲက ချစ်လာမယ့် တနေ့ကိုပေါ့.....???

credit >> unknown

Cry

ငါအတွက် နင့်ရင်ခွင်က နွေထွေးမှုတွေမပေးရင်
ငါနှလုံးသားလေးနွေးထွေးစေဖို့ အနွေးထည်တထည်ဝတ်ထားလိုက်မယ်


ငါအတွက် နင့်ရဲ့ ဂရုမစိုက်မှုတွေ ရနေရင်
ဘာဖြစ်လဲ ငါကလဲ တစ်ယောက်ထဲ သီးချင်းတွေအော်ဆိုပြစ်လိုက်မယ်

ငါအတွက် နင့်ရဲ့ ခါးသက်သက်မထီမဲ့မြင်အပြုံးတွေပေးနေရင်
ဘာဖြစ်လဲ ငါကလဲ ကော်ဖီခါးခါးသိပ်ကြိုက်တာဆိုတော့ ဒီအပြုံးကိုလဲ နှစ်သက်မယ်ထင်ပါတယ်

ငါအတွက် နင့်အမုန်းတွေပေးတော့မယ်ဆိုရင်တော့ ကြိုပြောနော်
ငါနင့်မသိအောင် အခန်းကျဉ်းထဲမှာ တိတ်တိတ်လေး အားရအောင်ငိုချင်လို့ပါ

သိပ်ချစ်ရတဲ့ လူတယောက်ရှိလာခဲ့ရင်

သိပ်ချစ်ရတဲ့သူတယောက်ရှိလာခဲ့ရင်
အလုပ်ရှုပ်နေတယ်လို့ စိတ်မရှည်တဲ့လေသံနဲ့ ဘယ်တော့မှပြောမိလိမ့်မယ်မဟုတ်ဘူး
အလုပ်ရှုပ်နေပါစေ ရတဲ့အချိန်လေးကို နားလည်အောင်ပြောပြီး သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူတယောက်ရှိလာခဲ့ရင်
သူ့အားနည်းချက်တွေကို စိတ်ပျက်မိလိမ့်မယ်မဟုတ်ဘူး
အားနည်းချက်တွေကို အားသာလာအောင်ပြုပြင်ပေးပြီး
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူတယောက်ရှိလာခဲ့ရင်
ကတိတွေကို လွယ်လွယ်ပေးဖြစ်လိမ့်မည်မဟုတ်ဘူး
တည်နိုင်သော ကတိနဲ့ပဲ
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ချစ်သူတယောက်ရှိလာခဲ့ရင် သူ့အပေါ်ဘာလျှို့ဝှက်ချက်မှရှိမှာမဟုတ်ဘူး
သံသယကင်းတဲ့အချစ်နဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ချစ်သူရှိလာခဲ့ရင်
စကားများရန်ဖြစ်ခြင်းတွေကို
ခဏခဏခွင့်ပြုဖြစ်မယ်မထင်ဘူး
ရန်ဖြစ်တဲ့အကြိမ်တွေ လျှော့ချပြီး
နားလည်ခြင်းတွေနဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူရှိလာခဲ့ရင်
စကားလုံးနှင့်ဖြစ်စေ အပြုအမူနဲ့ဖြစ်စေ
သူ့ကိုနာကျင်စေမှာ မဟုတ်ဘူး
အမြဲနွေးထွေးပြီး ကြင်နာတဲ့အပြုအမူနဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူရှိလာခဲ့ရင်
ကိုယ့်ကိုယ်ကိုယ်အထင်မကြီးထားဘူး
မာနတွေလည်းသူ့အပေါ်မထားဘူး
ကိုယ်ဟာ လူနှစ်သက်နိုင်သူဖြစ်ပါစေ
သူ့အပေါ် သာမာန်အညတယောက်လိုအချစ်နဲ့
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရသူတယောက်ရှိလာခဲ့ရင်ပေါ့
ကိုယ်ဟာ သူ့ကမ္ဘာကို နွေးထွေးစေမဲ့ ၊ သူ့စိတ်ကိုလုံခြုံစေမဲ့
သူ့အနာဂါတ်ကို လှပေစေမဲ့
သူ့နာကျင်စရာအတိတ်ကိုကုသပေးမဲ့
သူ့ရဲ့ပစ္စုပ္ပန်ကို အဖော်ပြုပေးမဲ့ ချစ်သူအဖြစ်ရှိနေချင်တယ်

သိပ်ချစ်ရတဲ့ချစ်သူရှိလာခဲ့ရင်
ကိုယ်ဟာ ဘာကြီးဖြစ်နေပါစေ
သူ့ကိုအညတရသာမာန်လူတယောက်အဖြစ်နဲ့ အခမ်းနားဆုံးချစ်ပြချင်တယ်

ကိုယ့်မှာ သိပ်ချစ်ရသူရှိလာရင်ပေါ့~~

credit >> unknown

နင်ပျော်ရင် ကျေနပ်တယ်

နင်ပျော်ရွှင်ဘို့ ငါ့အပြုံးတချို့
သေဆုံးခဲ့ရဘူးတယ်

နင်အနိုင်ရဘို့ ငါ့မျှော်လင့်ချက်တချို့
မြေမြုပ်ခဲ့ရဘူးတယ်

နင့်ရယ်သံလေးတွေချိုမြနေစေဘို့
ငါ့ခံစားချက်တချို့ ဟာသတခုအဖြစ်
ပြောင်းလဲခဲ့ရဘူးတယ်

နင့်အမုန်းတွေ ပိုင်ဆိုင်လိုက်ရမှာဆိုးလို့
ငါ့အချစ်တွေ အကြိမ်ကြိမ်အခါခါ
သိမ်းဆည်းလိုက်ရဘူးတယ် ချစ်သူ

နင့်ရင်ခုန်သံတွေ
သာယာတဲ့သံစဉ်လေးတွေအဖြစ်
တည်ရှိနေမယ်ဆိုရင်

ငါ့ရင်ဘတ်ထဲက ငိုသံတွေ
နင်မသိအောင် သိမ်းထားမှာပါ

တကယ်တော့အချစ်ဆိုတာ
ချစ်တဲ့သူ အတွက် အရာရာ
ပထမဆိုတာ
နင်မှမသိလိုက်တာနော်

တယောက်သောသူအတွက်

အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြဖူးတဲ့ အချိန်လေးတွေ
အတူတူ ဆိုးခဲ့ကြဖူးတဲ့ အချိန်တွေကလဲ ငါတို့အတွက်
တော့ အမှတ်တရတွေပါပဲ

တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး စိတ်ကောက်ပီး
စကားမပြောပဲနေ နေကြတဲ့အချိန်တွေ...အပြန်အလှန်
ခံစားချက်လေးတွေကို ရင်ဖွင့်ခဲ့ကြတဲ့အချိန်လေး
တွေကလဲ ငါတို့အတွက်တော့ မမေ့နိုင်စရာတွေပါပဲ

တစ်ယောက် စိတ်ညစ်တဲ့အချိန်တွေတိုင်းတစ်ယောက်
အပြန်အလှန်အားပေးခဲ့ကြတာလေးတွေ...အမြဲတမ်း
တစ်ယောက်ရဲ့ဘက်က တစ်ယောက် ရပ်တည်ပေးတတ်
တာလေးတွေ ငါတို့အတွက်တော့ သတိရစရာပါပဲ

အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အနေတွေ
ဝေးသွားရတဲ့အခါ ဟိုအရင်က အချိန်လေးတွေကို ပြန်
တမ်းတရင်း နင့်ကိုလွမ်းနေမိသလို နင်လဲ သတိရနေ
မယ်ဆိုတာ ငါယုံတယ်....အရာရာအဆင်ပြေပါစေနော်

ဒုတိယလူ

~ဒုတိယလူ~

ဒုတိယ လူ ဆိုတာ...
ပထမ လူပေးသွား တဲ့
ဒါဏ်ရာတွေ အတွက် ထွက်ပေါက်တစ်ခုလား ???

ဒုတိယ လူဆိုတာ....
ပထမ သူ လုပ်သွားတဲ့ အမှားအတွက်နဲ့
ပြန်ကလဲ့စားချေခံရမဲ့ အရုပ်တစ်ခု လား ???

ဒုတိယ လူဆိုတာ....
ကိုယ်မလုပ်တဲ့ အမှားတစ်ခုအတွက်...
ထာဝရ ခေါင်းငုံ့ ဖြည့်စည်းပေးရမဲ့သူလား..???

ဒုတိယ လူဆိုတာ...
ပထမ မှားခဲ့တာတွေ အတွက်...
အမှန်တရား တစ်ခု ဖြစ်ခွင့်မရှိတာမျိုးလား ..???

ဒုတိယ လူဆိုတာ....
ပထမ လူ ထက် ပိုသာခွင့် မရှိဘူးလား...???

ဒုတိယလူ...
ုဒုတိယ လူ
ဒုတိယ လူဆိုတာ....
စစ်မှန်ခြင်း ကို ပြခွင့်မရှိတဲ့
အနှိမ်ခံသက်သက်လား...????

တကယ်တော့

~တကယ်တော့~

စိုးရိမ်နေခဲ့တယ်...
သူ့ status တွေက
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက်ကို ဦးတည်နေတဲ့
စာသားလေးတွေ ဖြစ်နေမှာ...။

စိုးရိမ်နေခဲ့တယ်...
သူ သီချင်းနားထောင်တဲ့ အခိုက်အတန့်က
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက် ကို သတိရနေမိမှာ...။

စိုးရိမ်နေခဲ့တယ်...
သူ့အကောင့်လေးစိမ်းလာတဲ့အခါ...
သူနှုတ်ဆက်ချင်တာ...
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက် ဖြစ်နေခဲ့မှာ...

မုန်းတယ်

နင်နဲ့ ပက်သတ်ရင် ....
ကဗျာကိုလဲ ငါမုန်းတယ် ။

နင်နဲ့ ပက်သတ်ရင် .......
သတိရတက်စိတ်တွေကိုလဲ ငါမုန်းတယ် ။

နင်နဲ့ ပက်သတ်ရင် ......
လွမ်းတက် ဆွေးတက်တဲ့ အကျင့်ကိုလဲ ငါမုန်းတယ် ။

နင်နဲ့ ပက်သတ်ရင် ခုလို အစောကြီးနိုးနေတဲ့ ....
မနက်ခင်းတွေကိုလဲ ငါမုန်းတယ်

နင်နဲ့ ပက်သတ်ရင် ......
အတွေးလွန်ခဲ့တဲ့ ညဥ့်နက်နက်တွေကိုလဲ ငါမုန်းတယ် ။

နင်နဲ့  ပက်သတ်ရင် .......

မဖြစ်နိုင်တာကို အမြဲတောင်းတလေ့ရှိတဲ့ ငါ့နှလုံးသားကိုတောင် ငါမုန်းတက်နေပြီ။ ...................

ကိုယ့်ကို တကယ်ချစ်တဲ့သူသာ

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ ကိုယ့်ကိုဆုံးရူံးရမှာ
ကြောက်နေတတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ ကိုယ်ရဲ့အဆုံးကောင်း
တွေကို အတူတကွရင်ဆိုင်ဖြေရှင်းပေးတတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ သူ့ကိုသူပါရမီဖြည့်ဘက်
အဖြစ်အမြဲတမ်းတွေးနေတတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ အနေဝေးနေရင်တောင်မှ
အမြဲတမ်းနီးစပ်အောင်ကြိုးစားတတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ ရွေးချယ်မှုတွေအများစွာထဲက
ကိုယ့်ကိုပဲလက်တွဲဖော်အဖြစ်ရွေးချယ်တတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲ့လူသာ ခဏလေးအဆက်သွယ်မရတာနဲ့
စိတ်ပူနေတတ်တာပါ...

ကိုယ့်ကိုတကယ်ချစ်တဲလူသာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို
သိပေမဲ့ ကိုယ့်အနားမှာပဲထာဝရရပ်တည်ပေးနေမှာပါ..

ချစ်သူတိုင်းအတွက်

တချို့အရာတွေက ဂရုစိုက်တက်တာကောင်းတယ်
ချစ်သူနှစ်ဦးကြား သံယောဇဉ်တိုးစေတယ်

တချို့အရာတွေက လစ်လှူရှူ့ထားလိုက်တာကောင်းတယ်
တွေးမြင်မိတိုင်း နာကျင်ရတယ်

ဒီလိုပါပဲ ချစ်သူတွေဆိုတာ သူကောင်းခဲ့တာရှိသလို သူဆိုးခဲ့တာလည်းရှိခဲ့မှာပါပဲ
အဆိုးတွေကိုတသသပြောပြီး သူ့ကောင်းကွက်လေးတွေကိုမေ့ထားလို့တော့မဖြစ်နိုင်ဘူးလေ

ချစ်သူဆိုတာ ဆိုးအတူ ကောင်းအတူ ထာဝရ လက်တွဲရမယ့်သူမဟုတ်ဘူးလား....။

လူတစ်ယောက်ကို

လူတစ်ယောက်ကို ချစ်ဖို့..
အကြောင်းပြချက်တွေမလိုပါဘူး...။
ဘာလို့ချစ်ရတာလဲ ဆိုတာရှင်းပြနိုင်ရင်...
ချစ်နေတာမဟုတ်ပါဘူး နှစ်သက်မိသွားတာပါ။

လူတစ်ယောက် စောင့်ဆိုင်းဖို့
အချိန်အတိုင်းတာတွေမရှိပါဘူး...။
ဘာကြောင့်စောင့်နေရလဲဆိုတာ ရှင်းပြနိုင်ရင်
စိတ်ရှည်နေခြင်းထက် မျှော်လင့်ချက်တွေထားနေတာပါ။

လူတစ်ယောက် ပေးဆပ်ဖို့
ဆုံးရူံးမူတွေကိုရေတွက်နေဖို့မလိုပါဘူး.။
တန်ပြန်လာမည့်ရလာဒ်တချို့ကိုပဲ မြင်နေရင်
ပေးဆပ်မူဆိုပြီး ရယူမူတွေကိုတောင်းတနေတာပါ။

တကယ်တော့
လူတစ်ယောက်နဲ့ ဘ၀တခုမှာအတူနေရဖို့..
အပေါ်ယံခံစားချက်တွေနဲ့ ဆွဲဆောင်နေစရာမလိုပါဘူး။
ကိုယ်ကသာ အချစ်စစ်မှန်ခဲ့ရင် အနားကိုရောက်လာမှာပါ

credit >> unknown

Thwin Gyi

သူ

သူပြောသလို သံယောဇာဉ်ကြိုးတွေကြောင့် ချစ်ခဲ့တာမဟုတ်ပေမယ့်
ချစ်ခဲ့ပြီးတဲ့ နောက် ကိုယ့်ကိုကိုယ်ထက် သူကို စိုးရိမ်းပူပန်စိတ်တွေ ဖြစ်ခဲ့မိတာ သူသိလေမလား .........ヅ

သူပြောသလို တအားချူပ်ချယ်တာဘဲဆိုတဲ့ စကားကြောင့် တခါတလေ ကိုယ်က သ၀န်တိုမိပေမယ့် သူအတွက် စိတ်အနှောင့်ယှက်ဖြစ်စေမယ့် အရာဆို ကျိတ်ဝမ်းနည်း မျက်ရည်ကျခဲ့မိတာ သူသိလေမလား .........ヅ


မရည်ရွယ်ဖြစ်လေ့ရှိတဲ့ ပြသနာတိုင်းကို
သူကိုချစ်တဲ့စိတ်နဲ့ အလျော့ပေးမိတိုင်း သူရဲ့
ကိုယ်အပေါ် တန်ဖိုးထားမှုလေး လျော့သွားမှာကို စိုးရိမ်ပေမယ့် မာနတွေမေ့ထားပြီ သူကို အလျော့ပေးမိတာ သူသိလေမလား .........ヅ

တခါတလေတော့ မွန်းကြပ်လာရင် လူဆိုတာ ခံစားချက်တွေ ရင်ဖွင့်လေ့ရှိတယ်တဲ့ ငါကတော့လေ ခံစားချက်တိုင်းကို ပြောပြရင်ဖွင့်ခွင့်မရပေမယ့် သူအပြုံးတွေကို ကြည့်ရင် ပျော်နေတတ်တာ သူသိလေမလား .........ヅ

ツ ツPoemツ ツ

Thwin Gyi

လူတစ်ယောက်ကိုချစ်မိသွားလျှင်

လူတစ်ယောက်ကိုချစ်မိသွားရင်

သူနှစ်သက်တတ်တဲ့အရာလေး
တွေကို ကိုယ်ကနှစ်သက်တတ်
အောင်ကြိုးစားနေပါလိမ့်မည်...

သီချင်းတွေကိုနားထောင်မိတဲ့
အချိန်မျိုးမှာပဲဖြစ်ဖြစ်တိုက်ဆိုင်
တဲ့ စာသားလေးတွေပါလာရင်
သူ့ကိုသတိရလာတတ်ပါတယ်...

ခဏလေးအဆက်သွယ်မရတဲ့
အခါ စိတ်ပူပြီးလိုက်ရှာနေတတ်
ပါတယ်...

တစ်ခါတစ်လေသူ့ကြောင့်
အရမ်းနာကျင်ရတာတောင်
မေ့ပစ်လိုက်မယ် စွန့်လွှတ်ပစ်
လိုက်မယ်ဆိုတဲ့အတွေးတွေမရှိ
တတ်ပါဘူး...

ပျင်းနေတဲ့အချိန်စကားပြောဖော်
မရှိတဲ့အချိန်မှသူ့ကိုရှာနေတတ်
တာမဟုတ်ပဲ အလုပ်မအားရင်
တောင်မှသူ့ဆီက Messages
လေးတွေမျှော်နေတတ်တာပါ...

လူတစ်ယောက်ကိုတကယ်ချစ်
ရင် သူ့ကိုရွေးချယ်ပြီးရင်သူ့တစ်
ယောက်တည်းကိုပဲသစ္စာရှိ
အောင်ကြိုးစားပါလိမ့်မည်..

credit >> poem

Thwin Gyi

Phone Key

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့

ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့

ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက်

ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို

နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား

ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး

ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက်

အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊

အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင်

အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း

ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်

ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု

ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။

ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။
အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။

ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ

တယ်။

တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ

ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း

အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International

Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ

အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue

tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်

ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime

ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက

*# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset

lockလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ

ဖြစ်ပါတယ်

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

Thwin Gyi

မုသားမဲ့စကား

မုသားမဲ့ စကား
___________

လှမ်းမိတဲ့ခြေတစ်လှမ်းမှာ
ဘာမျော်လင့်ချက်မှ မပါဘူး

ပြောခဲ့ဖူးတဲ့ စကားတွေက
နစ်နာစေဖို့လည်း မရည်ရွယ်ဘူး

ပေးအပ်ခဲ့တဲ့မေတ္တာတွေမှာ
ဘာအရောင်မှ စွန်းမနေခဲ့ဘူး

ထာဝရပါပဲ နင်လိုအပ်ရင်
အပြေးကလေး အပြုံးမပျက်
ငါအေ၇ာက်လာမယ်
ငြိုငြင်မှု့ဆိုတာ ငါ့မျက်နှာမှာ
ပျောက်ဆုံးနေပြန်တယ်

ဘာလို့လဲ မတွေးပါနဲ့....

ဘာကြောင့်လဲမမေးပါနဲ့.....

နင့်တွက်ငါ မဟုတ်ပေမယ့်
ငါ့တွက်နင် ဖြစ်နေလို့ပါပဲ
ချစ်ရသူရယ်...

credit > uploder

ဆားငန်တဲ့ coffee

သူမနဲ့စတင်ဆုံဆည်းခဲ့တာ ဧည့်ခံပွဲတစ်ခုမှာဖြစ်ပါတယ်…. သူမက အရမ်းလှတယ်… လူတော်တော်များများက သူမနားမှာဝိုင်းနေတာပေါ့… သူကတော့ ထူးမခြားနား သာမန်လူတစ်ယောက်ပါပဲ… ဘယ်သူမှသူ့ကို သတိမထားမိကြဘူး…

ဧည့်ခံပွဲပြီးသွားတဲ့အခါ သူနဲ့တူတူ ကော်ဖီလိုက်သောက်ဖို့ သူမကို အရဲစွန့်ပြီး သွားဖိတ်လိုက်တယ်… သူမက အံ့အားသင့်သွားတာပေါ့… ဒါပေမဲ့ ယဉ်ကျေးမှုအရ အားနာပါးနာနဲ့ လက်ခံလိုက်တယ်… ဒီလိုနဲ့ ကော်ဖီဆိုင်မှာ နှစ်ယောက် ထိုင်မိကြတယ်… သူက ဘာမှမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေတယ်… သူမကလည်း ထိုင်နေရတာ မသက်မသာဖြစ်လာတာပေါ့… စိတ်ထဲကလည်း ကိုယ့်ကိုပြန်ပြောနေမိတယ်… "ကျွန်မကို အိမ်ပြန်ခွင့်ပြုပါတော့.… အိမ်ပြန်ချင်လှပြီ....."

ရုတ်တရက် စားပွဲထိုးကို သူကလှမ်းခေါ်လိုက်တယ်…
"ကော်ဖီထဲထည့်ဖို့ ဆားနည်းနည်းများရနိုင်မလား….."
လူတိုင်းက အံ့သြတကြီးနဲ့ သူ့ကိုဝိုင်းကြည့်နေကြတယ်…. သူက မျက်နှာနီရဲနေပေမဲ့ ကော်ဖီခွက်ထဲ ဆားတစ်ဇွန်းခပ်ထည့်ပြီး ဖျော်သောက်လိုက်တယ်…

သူမကအထူးအဆန်းဖြစ်ပြီး မေးတယ်…
"ရှင်ဒီလိုပဲ အမြဲသောက်တာလား…"
သူကပြန်ပြောတယ်…
"ကျွန်တော်ငယ်ငယ်တုန်းက ပင်လယ်ကမ်းစပ်မှာနေတာလေ…. ပင်လယ်ထဲမှာကစားရတာကို ကျွန်တော်ပျော်တယ်… ပင်လယ်ရဲ့အရသာကိုလည်း ကျွန်တော်ခံစားမိတယ်… ဆားငန်တဲ့ကော်ဖီရဲ့ အရသာလိုပေါ့… ကျွန်တော့်ရဲ့ငယ်ဘဝလေးကို ပြန်တွေးမိတယ်… ကျွန်တော့်မြို့လေးအကြောင်းကိုတွေးမိတယ်… ကျွန်တော့်ဇာတိမြို့လေးကို အရမ်းလွမ်းတယ်ဗျာ… အဲ့ဒီမြို့လေးမှာနေနေတဲ့ ကျွန်တော့်မိဘတွေကိုလည်း လွမ်းတယ်…."

ပြောပြနေရင်းနဲ့ သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလာတယ်… သူမလည်း စိတ်ထဲခံစားသွားရတယ်… ဒါက သူ့ရင်ထဲကဖြစ်နေတဲ့ တကယ့်ခံစားချက်တွေလေ… သူ့မိသားစုကို ချစ်တဲ့အချစ်ကို ထုတ်ဖော်ပြောပြနေတဲ့သူတစ်ယောက်ဟာ သူ့အိမ်ကို ချစ်လည်းချစ်မယ်… ဂရုလည်းစိုက်မယ်… အိမ်ထောင့်တာဝန်ကိုလည်း ကျေတဲ့သူတစ်ယောက်ဖြစ်မှာပါပဲလို့ တွေးမိတယ်…
ဒီလိုနဲ့ သူမကလည်း သူမရဲ့ငယ်ဘဝ… မိသားစုအကြောင်း… အိမ်နဲ့ခွဲနေရတဲ့အကြောင်းတွေကို စပြောဖြစ်သွားတယ်… သူတို့နှစ်ယောက် စကားတွေတော်တော်ဖောင်ဖွဲ့ဖြစ်တယ်… ဒါဟာ ဒီဇာတ်လမ်းလေးရဲ့ လှပတဲ့ နိဒါန်းလေးပေါ့… သူတို့နှစ်ယောက် ပြောရင်းဆိုရင်းနဲ့ တဖြေးဖြေးပိုရင်းနီးသွားကြတယ်…

သူနဲ့ မကြာခဏတွေ့ပြီး နောက်ပိုင်းမှာတော့ သူဟာ သူမရဲ့ စံနှုန်းတွေနဲ့ ပြည့်မီတဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာကို သူမ လက်ခံလာမိတယ်… သူဟာ သည်းခံစိတ်ရှိတယ်… ကြင်နာသနားတတ်တယ်… နွေးထွေးတယ်… ဂရုစိုက်တတ်တယ်…. ဒီလောက်သင့်တော်တဲ့သူကို အရင်က သူမသတိမထားမိခဲ့ဘူးလေ… သူ့ရဲ့ ဆားငန်တဲ့ကော်ဖီတစ်ခွက်ကိုပဲ ကျေးဇူးတင်မိတယ်…

ဒီလိုနဲ့ သူတို့ဇာတ်လမ်းလေးဟာ ကြည်နူးသာယာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာခဲ့တယ်… မင်းသားနဲ့ မင်းသမီးတို့ ပေါင်းဖက်ပြီး ပျော်ရွှင်စရာဘဝလေးကို အတူတည်ဆောက်သွားကြတာပေါ့…. သူကော်ဖီသောက်တဲ့အခါတိုင်းလည်း သူမက ဆားလေးတစ်ဇွန်းထည့်ပြီး ဖျော်ပေးတယ်… သူ့အကြိုက်ကို သူမကောင်းကောင်းသိနေပြီလေ…

နောက်ထပ် နှစ်ပေါင်း ၄၀ ကြာတော့ သူဆုံးပါးသွားတယ်… သူမအတွက် စာလေးတစ်စောင်လည်း ရေးထားပေးခဲ့တယ်…

"မောင့်အချစ်ဆုံးရေ….. မောင့်ကိုခွင့်လွှတ်ပါနော်… မောင့်ဘဝတစ်လျှောက်လုံး အချစ်ကိုလိမ်ခဲ့တာအတွက် ခွင့်လွှတ်ပေးပါကွာ…. ဒါဟာ တစ်ဘဝလုံးမှာ အချစ်အပေါ်ကို တစ်ကြိမ်တစ်ခါထဲ လိမ်ခဲ့မိတာပါ…. မောင်တို့ ပထမဆုံး ဆုံဖြစ်ခဲ့တုန်းကအချိန်ကို မှတ်မိတယ်မလား… အဲ့ဒီအချိန်တုန်းက မောင်က အရမ်းစိတ်လှုပ်ရှားနေမိခဲ့တာလေ…. စားပွဲထိုးကို သကြားတောင်းချင်တာကို ဆားလို့ မှားပြောမိလိုက်တယ်… မှားတာကိုပြန်ပြင်ပြောဖို့ကလည်း အဲ့ဒီအချိန်မှာ မောင့်အတွက် အရမ်းခက်တယ်လေ… ဒါကြောင့် ဒီအတိုင်း ဟန်မပျက်ဆက်နေလိုက်မိတာပါ… ဒီလိုပြောလိုက်မိတဲ့အတွက် မောင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနွေးထွေးသွားမယ်လို့လည်း မောင်ဘယ်လိုမှ မထင်ခဲ့မိဘူး…

မောင့်ဘဝတစ်လျှောက်လုံး ဒီကိစ္စအမှန်ကို ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်… ဒါပေမဲ့ အချစ်ကို ဘယ်တော့မှမလိမ်ဘူးလို့ မောင်ကတိပေးထားတဲ့အတွက် ဒီလိုဝန်ခံရမှာကို မောင်ကြောက်နေမိတယ်… အခုတော့ မောင်နေရဖို့ သိပ်မကျန်တော့ပါဘူး…. ဘာကိုမှလည်း ကြောက်နေစရာမလိုတော့ဘူး…. ဒီအတွက် အမှန်အတိုင်း ပြောပြလိုက်တာပါ… တကယ်တော့ ဆားငန်တဲ့ကော်ဖီကို မောင်မကြိုက်ပါဘူး… ဘယ်လောက်ဆိုးတဲ့အရသာလဲ…. ဒါပေမဲ့ မောင်ဘဝတစ်လျှောက်လုံး ဆားငန်နေတဲ့ကော်ဖီကိုပဲ သောက်လာခဲ့တယ်…

အချစ်ကိုစတွေ့တဲ့အချိန်ကစပြီး အချစ်အတွက်လုပ်ခဲ့သမျှအရာအားလုံးအတွက် မောင်ဘယ်တော့မှ နောင်တမရခဲ့ပါဘူး… အချစ်ကို ပိုင်ဆိုင်ရတာကပဲ မောင့်ဘဝတစ်ခုလုံးအတွက် ပျော်ရွှင်ဖွယ်အကောင်းဆုံးအရာဖြစ်ခဲ့တာပါ… နောက်ဘဝတွေရှိမယ်ဆိုရင်လေ… ဆားငန်တဲ့ကော်ဖီကို ထပ်သောက်ချင်သောက်နေရပါစေ အချစ်နဲ့ ပြန်ဆုံချင်သေးတယ်… နောက်ထပ် ဘဝတစ်သက်စာ ပိုင်ဆိုင်ချင်သေးတယ်…"

စာရွက်တစ်ရွက်လုံး သူမရဲ့ မျက်ရည်တွေနဲ့ စိုစွတ်သွားပါတယ်… တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က
"ကော်ဖီကို ဆားနဲ့ဖျော်ရင် အရသာဘယ်လိုရှိမလဲ…" လို့မေးလာခဲ့ရင်… "ချိုတယ်…." လို့ သူမပြန်ဖြေမိပါလိမ့်မယ်….
----------------------------------------------------------------

credit >> orginal uploder