Thursday, January 16, 2014

မုသားမဲ့စကား

မုသားမဲ့ စကား
___________

လှမ်းမိတဲ့ခြေတစ်လှမ်းမှာ
ဘာမျော်လင့်ချက်မှ မပါဘူး

ပြောခဲ့ဖူးတဲ့ စကားတွေက
နစ်နာစေဖို့လည်း မရည်ရွယ်ဘူး

ပေးအပ်ခဲ့တဲ့မေတ္တာတွေမှာ
ဘာအရောင်မှ စွန်းမနေခဲ့ဘူး

ထာဝရပါပဲ နင်လိုအပ်ရင်
အပြေးကလေး အပြုံးမပျက်
ငါအေ၇ာက်လာမယ်
ငြိုငြင်မှု့ဆိုတာ ငါ့မျက်နှာမှာ
ပျောက်ဆုံးနေပြန်တယ်

ဘာလို့လဲ မတွေးပါနဲ့....

ဘာကြောင့်လဲမမေးပါနဲ့.....

နင့်တွက်ငါ မဟုတ်ပေမယ့်
ငါ့တွက်နင် ဖြစ်နေလို့ပါပဲ
ချစ်ရသူရယ်...

credit > uploder

No comments:

Post a Comment