Thursday, January 16, 2014

နင်ပျော်ရင် ကျေနပ်တယ်

နင်ပျော်ရွှင်ဘို့ ငါ့အပြုံးတချို့
သေဆုံးခဲ့ရဘူးတယ်

နင်အနိုင်ရဘို့ ငါ့မျှော်လင့်ချက်တချို့
မြေမြုပ်ခဲ့ရဘူးတယ်

နင့်ရယ်သံလေးတွေချိုမြနေစေဘို့
ငါ့ခံစားချက်တချို့ ဟာသတခုအဖြစ်
ပြောင်းလဲခဲ့ရဘူးတယ်

နင့်အမုန်းတွေ ပိုင်ဆိုင်လိုက်ရမှာဆိုးလို့
ငါ့အချစ်တွေ အကြိမ်ကြိမ်အခါခါ
သိမ်းဆည်းလိုက်ရဘူးတယ် ချစ်သူ

နင့်ရင်ခုန်သံတွေ
သာယာတဲ့သံစဉ်လေးတွေအဖြစ်
တည်ရှိနေမယ်ဆိုရင်

ငါ့ရင်ဘတ်ထဲက ငိုသံတွေ
နင်မသိအောင် သိမ်းထားမှာပါ

တကယ်တော့အချစ်ဆိုတာ
ချစ်တဲ့သူ အတွက် အရာရာ
ပထမဆိုတာ
နင်မှမသိလိုက်တာနော်

No comments:

Post a Comment