Tuesday, April 22, 2014

ဒီစာလေးကို သေသေချာချာဖတ်ပေးပါဗျာ

စီးကရက်က အချိန်တော်တော်ကြာကြာယူပြီး စဉ်းစားလိုက်တယ်… နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်တယ်… မီးခြစ်ဆံနဲ့ဘဲ လက်ထပ်တော့မယ်…
သူနဲ့ နှစ်ပေါင်းများစွာကြိုက်လာခဲ့တဲ့ ဂစ်မီးခြစ်က မကျေနပ်တော့ဘူး… သူ့ကိုမေးတယ်… “ငါက ခေတ်မှီတယ်… အဆင့်မြင့်တယ်… ငါတို့ ၂ ယောက်ကမှ လိုက်ဖက်တာ… နင်ဘာဖြစ်လို့ ဂွမ်းလွန်းလှတဲ့ မီးခြစ်ဆံကို ရွေးရတာလဲ?”
စီးကရက်လေးက ပြန်ဖြေလိုက်တယ်… “ဘာဖြစ်လို့လဲဆိုတော့ နင့်ရဲ့အချစ်ဟာ တခဏဘဲ… ပြီးတော့ တခြားတယောက်ကို ပြန်ချစ်မိမှာအမှန်ဘဲ… မီးခြစ်ဆံကတော့ ဒီတစ်သက်မှာ တစ်ကြိမ်ဘဲလောင်ကျွမ်းတယ်… ဒီတစ်ကြိမ်ဟာလဲ ငါ့ အတွက်ဘဲ လောင်ကျွမ်းတယ်…”

ကိုယ့်ရဲ့ ရိုးအေးလှတဲ့ သာမန်ဘ၀ကိုဘဲ ကောင်းကောင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်…
ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာ နေနေတဲ့အိမ်ဟာ ဘယ်လောက်ထိ ခမ်းနားထည်ဝါတာကိုမဆိုလိုဘူး… အိမ်ထဲမှာနေနေတဲ့သူတွေရဲ့ ရယ်မောသံဟာ ဘယ်လောက်ထိကျယ်သလဲဆိုကိုဆိုလိုတာပါ…

ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာ ဘယ်လောက်ထိ အဆင့်မြင့်တဲ့ကားကို မောင်းနေရသလဲဆိုတာမဆိုလိုဘူး…
ကားထဲကလူတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အိမ်ကို ချောချောမောမောပြန်ရောက်နိုင်တာကိုဆိုလိုတာပါ…

ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာ ချစ်သူ ဘယ်လောက်ထိ ချောမောလှပနေသလဲဆိုတာ မဆိုလိုဘူး…
ချစ်သူရဲ့ ပြုံးပန်းအလှ ဘယ်လောက်ထိပြုံးပျော်နိုင်သလဲဆိုတာကိုဆိုလိုတာပါ…

ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတာ ချိုမြိန်လှတဲ့ ပျားရည်ဆမ်းထားတဲ့စကားဘယ်လောက်ထိကြားရသလဲဆိုတာကိုမဆိုလိုပါဘူး…
စိတ်ဓာတ်ကျ ၀မ်းနည်းနေတဲ့အချိန်မှာ ဘေးမှာလူတစ်ယောက်ကရှိနေပြီး… “ဘာမှမဖြစ်ဘူး… ငါရှိတယ်…”လို့ပြောပေးနိုင်သူ တစ်ယောက်ရှိတာကိုဆိုလိုတာပါ

credit >> unknown

ခံစားချက်ကို တကယ်အလေးထားတဲ့သူတွေက

1 . ကိစ္စတစ်ခုကို အကြာကြီးတွေးတတ်ပြီး မဟုတ်တာတွေစဉ်းစားတတ်တယ်
2 . ကျေနပ်လွယ်ပြီး ဒဏ်ရာရလွယ်တယ်
3 . အပယ်ခံထားရသလိုမျိုးကြီးတချိန်လုံးခံစားနေမိတယ်
4 . သံသယများတတ်တယ် ဒါပေမဲ့အမြဲတမ်းအကောင်းဘက်ကတွေးတတ်တယ်
5 . နည်းနည်းလေး ပြသာနာဖြစ်တာနဲ့ ယုံထင်ကြောင်ထင်တွေစဉ်းစားနေတတ်တယ်
6 . ဘာမှန်းမသိတဲ့အထီးကျန်ဆန်မှု ဘယ်လိုမှမခုခံနိုင်တဲ့ကြောက်ရွံ့ မှုတွေရှိတတ်တယ်
7 . ကိုယ့်ကို ဘယ်သူကမှစိတ်ထဲမှာအလေးမထားကြဘူးလို့ အမြဲတွေးနေတတ်တယ်
8 . တကယ်စိတ်ပါလာတဲ့အခါ ဘာကိုမှဂရုမစိုက်ပဲလုပ်တတ်တယ်
9 . တခါတလေကျ လောကကြီးထဲပျောက်ကွယ်သွားချင်တဲ့စိတ်ကူးတွေရှိတတ်တယ်
10 . တစ်ယောက်တည်းလမ်းလျှောက်ရင်မြန်တယ်
11 . သူငယ်ချင်းတွေရှေ့ မှာတော့ပျော်ပျော်နေတတ်ပြီး တစ်ယောက်တည်းရှိနေချိန်ဆို စိတ်ဓာတ်တွေကျနေတတ်တယ်

credit >> unknown