Thursday, January 16, 2014

တယောက်သောသူအတွက်

အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြဖူးတဲ့ အချိန်လေးတွေ
အတူတူ ဆိုးခဲ့ကြဖူးတဲ့ အချိန်တွေကလဲ ငါတို့အတွက်
တော့ အမှတ်တရတွေပါပဲ

တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး စိတ်ကောက်ပီး
စကားမပြောပဲနေ နေကြတဲ့အချိန်တွေ...အပြန်အလှန်
ခံစားချက်လေးတွေကို ရင်ဖွင့်ခဲ့ကြတဲ့အချိန်လေး
တွေကလဲ ငါတို့အတွက်တော့ မမေ့နိုင်စရာတွေပါပဲ

တစ်ယောက် စိတ်ညစ်တဲ့အချိန်တွေတိုင်းတစ်ယောက်
အပြန်အလှန်အားပေးခဲ့ကြတာလေးတွေ...အမြဲတမ်း
တစ်ယောက်ရဲ့ဘက်က တစ်ယောက် ရပ်တည်ပေးတတ်
တာလေးတွေ ငါတို့အတွက်တော့ သတိရစရာပါပဲ

အခုချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အနေတွေ
ဝေးသွားရတဲ့အခါ ဟိုအရင်က အချိန်လေးတွေကို ပြန်
တမ်းတရင်း နင့်ကိုလွမ်းနေမိသလို နင်လဲ သတိရနေ
မယ်ဆိုတာ ငါယုံတယ်....အရာရာအဆင်ပြေပါစေနော်

No comments:

Post a Comment