Thursday, January 16, 2014

သိပ်ချစ်ရတဲ့ လူတယောက်ရှိလာခဲ့ရင်

သိပ်ချစ်ရတဲ့သူတယောက်ရှိလာခဲ့ရင်
အလုပ်ရှုပ်နေတယ်လို့ စိတ်မရှည်တဲ့လေသံနဲ့ ဘယ်တော့မှပြောမိလိမ့်မယ်မဟုတ်ဘူး
အလုပ်ရှုပ်နေပါစေ ရတဲ့အချိန်လေးကို နားလည်အောင်ပြောပြီး သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူတယောက်ရှိလာခဲ့ရင်
သူ့အားနည်းချက်တွေကို စိတ်ပျက်မိလိမ့်မယ်မဟုတ်ဘူး
အားနည်းချက်တွေကို အားသာလာအောင်ပြုပြင်ပေးပြီး
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူတယောက်ရှိလာခဲ့ရင်
ကတိတွေကို လွယ်လွယ်ပေးဖြစ်လိမ့်မည်မဟုတ်ဘူး
တည်နိုင်သော ကတိနဲ့ပဲ
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ချစ်သူတယောက်ရှိလာခဲ့ရင် သူ့အပေါ်ဘာလျှို့ဝှက်ချက်မှရှိမှာမဟုတ်ဘူး
သံသယကင်းတဲ့အချစ်နဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ချစ်သူရှိလာခဲ့ရင်
စကားများရန်ဖြစ်ခြင်းတွေကို
ခဏခဏခွင့်ပြုဖြစ်မယ်မထင်ဘူး
ရန်ဖြစ်တဲ့အကြိမ်တွေ လျှော့ချပြီး
နားလည်ခြင်းတွေနဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူရှိလာခဲ့ရင်
စကားလုံးနှင့်ဖြစ်စေ အပြုအမူနဲ့ဖြစ်စေ
သူ့ကိုနာကျင်စေမှာ မဟုတ်ဘူး
အမြဲနွေးထွေးပြီး ကြင်နာတဲ့အပြုအမူနဲ့ သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရတဲ့ ချစ်သူရှိလာခဲ့ရင်
ကိုယ့်ကိုယ်ကိုယ်အထင်မကြီးထားဘူး
မာနတွေလည်းသူ့အပေါ်မထားဘူး
ကိုယ်ဟာ လူနှစ်သက်နိုင်သူဖြစ်ပါစေ
သူ့အပေါ် သာမာန်အညတယောက်လိုအချစ်နဲ့
သူ့ကိုပျော်ရွှင်စေမယ်

သိပ်ချစ်ရသူတယောက်ရှိလာခဲ့ရင်ပေါ့
ကိုယ်ဟာ သူ့ကမ္ဘာကို နွေးထွေးစေမဲ့ ၊ သူ့စိတ်ကိုလုံခြုံစေမဲ့
သူ့အနာဂါတ်ကို လှပေစေမဲ့
သူ့နာကျင်စရာအတိတ်ကိုကုသပေးမဲ့
သူ့ရဲ့ပစ္စုပ္ပန်ကို အဖော်ပြုပေးမဲ့ ချစ်သူအဖြစ်ရှိနေချင်တယ်

သိပ်ချစ်ရတဲ့ချစ်သူရှိလာခဲ့ရင်
ကိုယ်ဟာ ဘာကြီးဖြစ်နေပါစေ
သူ့ကိုအညတရသာမာန်လူတယောက်အဖြစ်နဲ့ အခမ်းနားဆုံးချစ်ပြချင်တယ်

ကိုယ့်မှာ သိပ်ချစ်ရသူရှိလာရင်ပေါ့~~

credit >> unknown

No comments:

Post a Comment