Thursday, January 16, 2014

သူ

သူပြောသလို သံယောဇာဉ်ကြိုးတွေကြောင့် ချစ်ခဲ့တာမဟုတ်ပေမယ့်
ချစ်ခဲ့ပြီးတဲ့ နောက် ကိုယ့်ကိုကိုယ်ထက် သူကို စိုးရိမ်းပူပန်စိတ်တွေ ဖြစ်ခဲ့မိတာ သူသိလေမလား .........ヅ

သူပြောသလို တအားချူပ်ချယ်တာဘဲဆိုတဲ့ စကားကြောင့် တခါတလေ ကိုယ်က သ၀န်တိုမိပေမယ့် သူအတွက် စိတ်အနှောင့်ယှက်ဖြစ်စေမယ့် အရာဆို ကျိတ်ဝမ်းနည်း မျက်ရည်ကျခဲ့မိတာ သူသိလေမလား .........ヅ


မရည်ရွယ်ဖြစ်လေ့ရှိတဲ့ ပြသနာတိုင်းကို
သူကိုချစ်တဲ့စိတ်နဲ့ အလျော့ပေးမိတိုင်း သူရဲ့
ကိုယ်အပေါ် တန်ဖိုးထားမှုလေး လျော့သွားမှာကို စိုးရိမ်ပေမယ့် မာနတွေမေ့ထားပြီ သူကို အလျော့ပေးမိတာ သူသိလေမလား .........ヅ

တခါတလေတော့ မွန်းကြပ်လာရင် လူဆိုတာ ခံစားချက်တွေ ရင်ဖွင့်လေ့ရှိတယ်တဲ့ ငါကတော့လေ ခံစားချက်တိုင်းကို ပြောပြရင်ဖွင့်ခွင့်မရပေမယ့် သူအပြုံးတွေကို ကြည့်ရင် ပျော်နေတတ်တာ သူသိလေမလား .........ヅ

ツ ツPoemツ ツ

Thwin Gyi

No comments:

Post a Comment