Thursday, January 16, 2014

အမုန်းမဲ့ အမုန်း

လူတွေပြောကြတာတော့
အချစ်နဲ့အမုန်းက ကျောခြင်းကပ်တဲ့..

ငါ့မှာသာ ချစ်ခြင်းရဲ့နောက်မှာ
မြတ်နိုးခြင်းတွေသာ ထပ်ထပ်လာလို့

အလန့်တကြားနဲ့ အမုန်းဆိုတာ ကို
အသည်းအသန် ရှာမိတယ်။

တွေ့တော့တွေ့ပါရဲ့ နင့်ကိုမုန်းတာမဟုတ်ပဲ
ငါ့ကိုယ်ငါပဲ အသေအလဲမုန်းတယ်။

မိုးလင်းတာနဲ့ နင့်ကို တမ်းတမိတဲ့
ငါ့ရဲ့စိတ်ကိုငါမုန်းတယ်။
ည ည နင့်အကြောင်းတွေနဲ့
ပြည့်နှက်နေတဲ့
ငါ့အိပ်မက်တွေကို ငါ..မုန်းတယ်။

တချိန်လုံးနင့်အကြောင်းတွေနဲ့
ပြည့်နှက်နေတဲ့ ...
ငါ့ဦးနှောက်ကို ငါမုန်းတယ်။
အကြိုက်ခြင်းတူတဲ့ သီချင်းသံကြားရင်း
တမ်းတမိတဲ့စိတ်နဲ့ ၀ဲတက်လာတဲ့
ငါ့ရဲ့မျက်ရည်တွေကို ငါ..မုန်းတယ်။

မျှော်လင့်ခြင်းတွေ ပြည့်နှက်နေတဲ့
ငါ့ရဲ့မနက်ဖြန်တွေကို ငါမုန်းတယ်။
နင့်အကြောင်းကို တွေးမိရင်ပဲ
ယောင်ယောင်လေး ပြုံးမိတဲ့
ငါ့ရဲ့နှုတ်ခမ်းတွေကို ငါ..မုန်းတယ်။

နင့်နာမည် ကြားရင်ပဲ
နွေးကနဲ ဖြစ်သွားတဲ့
လက်ဝဲဘက် ရင်အုံ အောက်က
ငါ့ရဲ့ခံစားချက်ကို ငါမုန်းတယ်။

credit >> unknown

No comments:

Post a Comment