Monday, September 22, 2014

ဒီငါးသုံးကောင်အကြောင်း ကလေးတွေကို ပြောပြပါ

(၁) Chum salmon ငါး

Chum salmon ငါးအမဟာ ဥ,ဥပြီးတာနဲ့ ဥရဲ့မလှမ်းမကမ်းမှာ စောင့်နေခဲ့တယ်။ ဥကပေါက်လာတဲ့ ငါးကလေးတွေဟာ အစာမရှာတတ်သေးတော့ မိခင်ရဲ့အသားကိုပဲ စားရတော့တယ်။ Chum salmon အမဟာ ငါးကလေးကိုက်တဲ့ဒဏ်ကို အံကြိတ်ပြီး ခံခဲ့ပါတယ်။ ငါးကလေးတွေကြီးပြင်းလာချိန်မှာ ငါးအမဟာ အစားခံရလို့ အရိုးပဲကျန်ခဲ့တော့တယ်။ Chum salmonငါးအမဟာ လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့မိခင်မေတ္တာကို အသံတိတ် ပေးဆပ်နေခဲ့ပါတယ်။ Chum salmon ငါးက မိခင်မေတ္တာပြည့်ဝတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။

(၂) Northern snakehead

ဒီငါးမျိုးက ဥ,ဥပြီးတာနဲ့ မျက်စိနှစ်လုံးအလင်းကွယ်သွားတယ်လို့ ဆိုပါတယ်။ ငါးဟာ မျက်စိမမြင်တော့ အစာမရှာနိုင်လို့ ဆာလောင်တဲ့ဒဏ်ကိုခံရပါတယ်။ ဥကပေါက်လာတဲ့ ငါးပေါက်ထောင်သောင်းများစွာဟာ မိခင်အစာငတ်သေသွားမှာကို မကြည့်ရက်လို့ တစ်ကောင်ချင်းစီ မိခင်ရဲ့ပါးစပ်ထဲ ကူးခတ်ဝင်ရောက်ပြီး မိခင်ကိုအာရဟာဖြည့်ပေးကြပါတယ်။ မိခင်က အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ငါးကလေးတွေရဲ့အသက်ရှင်နှုန်းက ၁ဝပုံပုံ ၁ပုံပဲရှိခဲ့ပါတယ်။ မိခင်အတွက် သူတို့ဟာ ငယ်ရွယ်တဲ့အသက်ကို စတေးခဲ့ကြပါတယ်။ Northern snakehead ငါးက မိဘကို ရိုသေကိုင်းရှိုင်းတဲ့ငါးဖြစ်ပါတယ်။

(၃) ဆော်လမွန်ငါး

နှစ်စဉ်နှစ်တိုင်း ဥ,ဥတဲ့ရာသီရောက်တိုင်း ဆော်လမွန်ငါးတို့ဟာ ခရီးမိုင်ထောင်ပေါင်းများစွာကိုဖြတ်သန်းပြီး ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းမှာရှိတဲ့ သူတို့ရဲ့မွေးရပ်မြေ မြစ်ချောင်းဆီ အရောက်ပြန်ကြပါတယ်။
ဆော်လမွန်ငါးတို့ရဲ့အပြန်လမ်းဟာ ခက်ခဲကြမ်းတမ်းလွန်းလှတာကို CCTVရုပ်မြင်သံကြားရဲ့ တိရစ္ဆာန်ကမ္ဘာအစီအစဉ်မှာ ရိုက်ကူးတင်ဆက်ခဲ့ဖူးပါတယ်။ အိမ်အပြန်လမ်းမှာ ရေတံခွန်တွေကို ဆန်တက်ရပါတယ်။ ရေတံခွန်ဘေးမှာက ဝက်ဝံတွေအုပ်စုလိုက်စောင့်နေကြပါတယ်။ ရေတံခွန်ကိုမဆန်တက်နိုင်တဲ့
ဆော်လမွန်ငါးတွေဟာ ဝက်ဝံညိုတွေရဲ့အစာဖြစ်ရပါတယ်။ ရေတံခွန်ကိုဖြတ်ကျော်နိုင်တဲ့ ငါးတွေက လက်ပန်းကျနေခဲ့ပေမယ့် လင်းယုန်ငှက်တွေရဲ့ ဖမ်းဆီးတာကို ရင်ဆိုင်ရပါသေးတယ်။

ကံကောင်းတဲ့ငါးလောက်ပဲ ဖမ်းဆီးသတ်ဖြတ်တာကို ရှောင်နိုင်ခဲ့ပါတယ်။ သိုလောင်ထားတဲ့ အင်အားနဲ့အဆီတွေ ကုန်ခမ်းသွားမှ ဆော်လမွန်ငါးတွေဟာ ကိုယ့်နေရပ်ဆီ ပြန်ရောက်ကြပြီး သူတို့တစ်သက်မှာ အရေးပါဆုံးဖြစ်တဲ့ မိတ်လိုက်၊ ဥ, ဥတဲ့ကိစ္စကို လုပ်ဆောင်ကြပါတယ်။ အဲဒီနောက် သူတို့မွေးရပ်ဌာနေမှာပဲ အေးအေးချမ်းချမ်း
သေဆုံးသွားကြပါတယ်။ နောက်တစ်နှစ် နွေဦးရာသီမှာ ဆော်လမွန်ငါးလောင်းလေးတွေ
ပေါက်ဖွားလာကြပါတယ်။ အဲဒီနောက် မြစ်ချောင်းတစ်လျှောက် စီးမျောလိုက်ပါပြီး သူတို့ရဲ့ရှေ့မျိုးဆက်အတိုင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝလမ်းကို စတင်ကြပါတယ်။ ဆော်လမွန်ငါးဟာ မွေးရပ်ဇာတိကို မြတ်နိုးတွယ်တာတဲ့ငါးဖြစ်ပါတယ်။

ဒီလောကမှာ အနည်းဆုံး ငါးသုံးကောင်က ကျွန်မတို့ကို သက်ဝင်ခံစားနေစေခဲ့ပါပြီ။

ပထမငါးတစ်ကောင်က မိဘဖြစ်ပြီး ကျွန်မတို့ကိုဘဝပေးခဲ့သူဖြစ်တယ်။ သူတို့ကိုခွဲခွာပြီး အဝေးကိုထွက်သွားမယ့်ကျွန်မတို့ကို မျက်စိတစ်ဆုံးနဲ့ သူတို့ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။ နောင်တမရှိ၊ မျှော်လင့်ချက်တစ်စုံတစ်ရာမထားဘဲ သူတို့ပေးဆပ်နိုင်သလောက် ပေးဆပ်နေခဲ့ပါတယ်။

နောက်ငါးတစ်ကောင်က သားသမီးတွေဖြစ်ပါတယ်။ ဝမ်းကကျွတ်တာနဲ့ ကျွန်မတို့ရဲ့သွေးသားတော်စပ်သူဖြစ်ခဲ့ပါတယ်။ အဲဒီကစ အိုမင်းတဲ့အထိ အတူတကွနေထိုင်အဖော်ပြုသွားမယ်လို့ ယုံကြည်ခဲ့ပါတယ်။

နောက်တစ်ကောင်က မွေးရပ်ဇာတိဖြစ်ပါတယ်။ ဘယ်လောက်ပဲ အဝေးကိုရောက်ရောက်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်အပြန်လမ်းဆိုတဲ့ လမ်းမပေါ်ဆီ ကျွန်မတို့
လျှောက်လှမ်းကြရမှာပါ။

ကျွန်မတို့က အထီးကျန်တဲ့ငါးတစ်အုပ်ပါ။ ဒီကမ္ဘာလောကထဲ မတော်တဆ ကူးခတ်ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနောက် ဒီလောကထဲခိုလှုံနေထိုင်ရင်း ကျွန်မတို့ဘဝရဲ့ငါးသုံးကောင်ကို မြတ်နိုးတွယ်တာချစ်ခင်နေခဲ့ကြပါတယ်။

××××

credit >> နိုင်းနိုင်းစနေ

Saturday, September 20, 2014

မြေးတွေအတွက် အဖိုးက ထားခဲ့တဲ့အမွေ

၂၀၁၂နှစ်စက်တင်ဘာလ၃ရက်မှာ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာနေတဲ့ အိုင်ရလန်လူမျိုးအမေရိကန်နိုင်ငံသားMr.James၇၂နှစ်ဟာနှလုံးရောဂါကြောင့်
ဘဝတပါးကိုပြောင်းသွားခဲ့ပါတယ်။
သူရဲ့မွေးနေ့ဖြစ်တဲ့ ဧပြီလ ၈ ရက်နေ့တွင်မြေး၅ယောက်အတွက် စာလေးတစောင်ရေးနေခဲ့ပါတယ်။စာလေးရဲ့ခေါင်းစဉ်ကတော့ “ဘဝကပေးတဲ့သင်ခန်းစာ ၁၈ ချက်”ပါ။စာလေးနဲ့ပတ်သက်ပြီး အသေးစိတ်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၀၁.ကိုယ်ကိုကိုယ်တန်ဖိုးထားပါမိဘကအပင်ပန်းခံပြီးကျွေးမွေးစောင့်ရှောက်လို့သာကြီးပြင်းလာရတာပါ။စိတ်ပင်ပန်းတဲ့အခါ ဘုရားတရား၊မိဘ၊ဆရာကိုမမေ့မှသာလျှင် ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်မှာပါ။

၀၂.ဆုံးရှုံးမှာကိုကြောက်မနေပဲ လုပ်သင့်တာကိုလုပ်ပါကိုယ်ရဲ့ဘဝမှာလုပ်ချင်တာကို ဘာကိုမှမကြောက်ပဲလုပ်သင့်တာကိုလုပ်ပါ။ဘယ်လိုမှမဖြစ်နိုင်တဲ့ရည်မှန်းချက်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်က ဘာပဲပြောပြော သူကဘယ်လိုထင်သလဲ၊ သူတပါးရဲ့အရိပ်အခြေကိုပဲကြည့်ပြီး ဘဝကိုလျှောက်လှမ်းဖို့မလိုပါ။ဖြစ်ချင်တဲ့ဆန္ဒပြင်းပြနေတဲ့အရာကိုသတ္တိရှိရှိနဲ့သာရှေ့ဆက်လျှောက်ပါ။လုပ်ပြီးမအောင်မြင်ခဲ့ရင်လည်း နောင်တဆိုတဲ့စကားနှစ်လုံးကတော့ ပေါ်လာမှာမဟုတ်ပါ။

၀၃.လူဆိုတာ အကုန်လုံးအတူတူချည်းပါ
ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာ အတူတူချည်းပါပဲ။လူတွေထဲမှာတော့ သူဌေးဆိုတာလဲရှိပြီး မတူသလိုမတန်သလိုဆက်ဆံတာမျိုးလည်းရှိနိုင်ပါတယ်။ဒါပေမဲ့လည်းအားမငယ်ပါနဲ့။သူဌေးတွေမှာလည်း ကြောက်စိတ်၊အားငယ်စိတ်တွေရှိပါတယ်။တခြားလူတွေလို ဗိုက်ဆာာရင်ထမင်းစားပြီး ပင်ပန်းလာရင် အိပ်တတ်ပါတယ်။

၀၄.လုပ်ချင်တဲ့အရာတွေကို ရေးမှတ်ထားပါဘဝမှာလုပ်ချင်တဲ့အရာတွေကို သေသေချာချာ ရေးချပြီးမှတ်သားထားစေလိုပါတယ်။ခရီးသွားချင်တဲ့နေရာ၊သင်ချင်တဲ့စာတတ်ချင်တဲ့ကျောင်း၊ဖြစ်ချင်တာအားလုံးကို ရေးချထားပြီး၁ နှစ်အတွင်းဖြစ်နိုင်မဲ့အရာကိုစပြီးလုပ်ပါ။ဒီအကျင့်လေးကိုနှစ်စဉ်လုပ်စေချင်ပါတယ်။မနက်ဖြန်မှလုပ်မယ်ဆိုရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ပါ။လူ့ဘဝဆိုတာ မနက်ဖြန်ဆိုတာရှိချင်မှရှိမှာပါ။ဘာမှမမြဲဘူးဆိုတာကို သတိရပါ။

၀၅.ကလေးတွေကိုချီးကျုးပါအိုင်ရလန်လူမျိုးတွေမှာစကားပုံရှိပါတယ်။ကလေးကိုလေးလေးစားစား အားပေးအားမြှောက်လုပ်ရင် ကလေးကမပြောလဲကြိုးစာမှာပါ။ကိုယ်မှာကလေးရလာရင် လုပ်ဖြစ်အောင်လုပ်ပါ။

၀၆.လူတွေကိုကူညီပါဖြစ်နိုင်ရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ချိ့တဲ့ပြီးလူဘောင်ကနေ ဝေးကွာနေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပါ။သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ကြေကွဲစရာ ဒဏ်ရာတွေနဲ့ပြည့်နေပါတယ်။

၀၇.တယောက်နဲ့တယောက်သတ်နေတဲ့စစ်ပွဲဆိုတာမကောင်းပါတယောက်နဲ့တယောက်သတ်ဖြတ်နေတဲ့စစ်ပွဲဆိုတာဟာမကောင်းပါ။နိုင်ငံရေးအရနိုင်ငံခေါင်းဆောင်တွေကစာရွတ်တွေမှာလက်မှတ်ထိုးပြီးစခဲ့တဲ့စစ်ပွဲတွေမှာအသက်တွေဆုံးရှုံးရတာကတော့လူငယ်တွေပါ။နောက်ဆုံးတော့စာရွက်တွေမှာလက်မှတ်ထိုးပြီးတော့စစ်ဆိုတာအဆုံးသတ်ရတာပါပဲ။

၀၈.စာများများဖတ်ပါစာများများဖတ်မှသာလျှင် ဥာဏ်ထက်ပြီး အသိဥာဏ်တိုးလာမှာပါ။

၀၉.ရိုးရိုးသားသားနေပါရိုးရိုးသားသားနေတယ်ဆိုတာ မွန်မြတ်ပါတယ်။

၁၀.ခရီးသွးပါတတ်နိုင်ရင်ခရီးများများသွားပါပိုက်ဆံစုပြီးမှသွားမယ်ဆိုရင်တော်တော်နဲ့သွားဖြစ်မှာမဟုတ်ပါအဝေးကြီးသွားစရာမလိုပါကိုယ့်ရပ်ရွာကနေပတ်ဝန်းကျင်မှာလည်းမသွားဖူးတဲ့နေရာဆိုတာရှိနိုင်ပါတယ်။

၁၁.ကိုယ်လုပ်ချင်တဲ့အလုပ်နဲအသက်မွေးဝမ်းကျောင်းပါကိုယ်လုပ်ချင်တဲ့အလုပ်ကိုဘဝရဲ့အသက်မွေးဝမ်းကျောင်းအဖြစ်ရွေးသင့်ပါတယ်။
လွယ်လွယ်နဲ့တော့မဖြစ်နိုင်ပင်မဲ့ကြိုးစားပါ။ပိုက်ဆံကိုပဲကြည့်ပြီး အလုပ်ကိုရွေးရင်တော့ အလုပ်ကပျော်စရာကောင်းမှာမဟုတ်ပါ။

၁၂.သူတပါးကို မဆဲမဆူပါနဲ့။သူတပါးကို ဆဲဆူလိုက်ရင် ကိုယ်လည်းစိတ်မကောင်းသလို အပြောခံရတဲ့သူမှာလည်း ခံရခက်ပါတယ်။ဒါကိုရှောင်ဖို့ဆိုတာခက်ပင်မဲ့ တတ်နိုင်သလောက် မလုပ်ပါနဲ့။

၁၃.ကလေးတွေရဲ့ကတိကို မဖျက်ပါနဲ့မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်အောင်လုပ်မယ်လို့မပြောပဲနဲ့ ကလေးတွေကိုပေးထားတဲ့ကတိဆိုတာမပျက်နိုင်တဲ့ကတိကိုပေးပါ။ကလေးတွေရဲ့နှလုံးသားဆိုတာ ရိုးသားစင်ကြယ်တဲ့အတွက် ဒဏ်ရာတွေမပေးပါနဲ့။

၁၄.ချစ်ခြင်းတရားကို မလိမ်မိစေပါနဲ့သူတပါးကို စိတ်ထဲကမချစ်ပဲနဲ့ချစ်တယ်လို့မပြောမိပါစေနဲ့။

၁၅.ပတ်ဝန်းကျင်သဘာဝကိုလည်း လေ့လာပါတတ်နိုင်သလောက်အပြင်ကိုထွက်ပြီးလူ့လောကကြီးမှာဘာတွေဖြစ်နေသလဲဆိုတာကို ကိုယ့်မျက်စိနဲ့ကြည့်ပါ။

၁၆.ကိုယ့်ရဲ့ဘိုးဘွားတွေအကြောင်းကိုမေးကြည့်ပါကိုယ့်ရဲ့ဘိုးဘွားတွေကဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို မေးသင့်ပါတယ်။

၁၇.ချစ်တဲ့သူကို ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့ချစ်တဲ့သူကို မဆုံးရှုံးခင်မှာ ချစ်တဲ့အကြောင်း ကျေးဇူးတင်တဲ့အကြောင်းကို ပြောဖြစ်အောင်ပြောပါ။

၁၈.ဘဝဆိုတာ နောက်ပြန်လျှောက်လို့မရပါဘဝဆိုတာတစ်နေ့ပြီးတစ်နေ့နဲ့ပြီးဆုံးရတာပါ။တစ်ရက်တစ်ရက်ကို တန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။

credit to estherkying

တန်ဖိုး

* ကတိစကားဆိုတာ တည်ဖို့
လွယ်လွယ်ပေး၊ လွယ်လွယ်ဖောက်ဖျက်ဖို့ မဟုတ်ပါ...

* အချစ်ဆိုတာ နားလည်မှုလေးထားလို့ ချစ်နေဖို့
ရယူနေဖို့၊ ပေးဆပ်နေဖို့ မဟုတ်ပါ...

* သစ္စာတရားဆိုတာ လက်တွေ့စောင့်ထိန်းဖို့
ရေမှာအရုပ်ရေးသလို အလွယ်တကူပျက်ပြယ်ဖို့ မဟုတ်ပါ...

ဒီလိုအဖိုးတန်အချက်တွေနဲ့ပြည့်စုံတဲ့ သူတစ်ယောက်ဟာ
သူ့တန်ဖိုးကို ကောင်းကောင်းနားလည်တဲ့
လက်တွဲဖေါ်အစစ်ရဲ့ လက်ထဲမှာသာ
ပိုလို့တန်ဖိုးတက်လာတာပါ...
တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိတာပါ...

credot >> နှိုင်းရင့်နွေ

လောကရဲ့သဘာဝတရား

(၁) နေ့ရက်တစ်ရက်တိုင်းမှာ သင့်အတွက်ရွေးချယ်စရာ (၂) ခုရှိတယ်။ လက်ရှိရောက်နေတဲ့နေ့ရက်ကို အကျိုးရှိရှိနဲ့ ဖြတ်သန်းမလား? အချည်းနှီး ကုန်ဆုံးစေမလား? ဆိုတဲ့ရွေးချယ်စရာတွေပါပဲ။ သင်ရောက်ရှိနေတဲ့ နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင် အသုံးချပါ။

(၂) သင့်ဘဝထဲကို ဝင်လာတဲ့သူတချို့ဟာ သင်မျှော်လင့်ထားတဲ့အချိန်ထက် ပို၍စောစီးစွာပဲ သင့်ဘဝထဲကနေ ပြန်လည်ထွက်ခွာသွားကြတယ်။ သူတို့အနေနဲ့ သင့်အနားမှာ တစ်သက်လုံးနေနေခြင်းဖြင့် မပေးနိုင်တဲ့ သင်ခန်းစာတချို့ကို ဒီလိုစောစောစီးစီး ထွက်ခွာသွားလိုက်ခြင်းဖြင့် အပြည့်အဝပေးခဲ့ကြတယ်။

(၃) ပျော်ရွှင်မှုဆိုတာ သင့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာနဲ့ တိုင်းတာဖော်ပြလို့ရတဲ့အရာ မဟုတ်ပါဘူး။ သင့်အတွင်းစိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတဲ့ အချက်နဲ့သာ သင့်ရဲ့ပျော်ရွှင်မှုအတိုင်းအတာကို ဖော်ပြနိုင်တာပါ။

(၄) အပြုံးတွေကို ဆောင်ပါ။ တင်းမာမှုတွေကို လျှော့ချပါ။ စိုးရိမ်ပူပန်မှုတွေကို အတတ်နိုင်ဆုံး မဝင်လာအောင်နေပါ။ ငြိမ်းအေးမှုတွေကို အလေ့အကျင့်လုပ် လက်ကိုင်ပြုပါ။ နာကျင်ခံစားရမှုတွေကို လွှတ်ချထားပစ်ခဲ့ပါ။ ဒီလိုသာဆို သင်ဟာအချိန်ပြည့်မဟုတ်တောင် အချိန်တော်တော်များများမှာ ပျော်ရွှင်နေတဲ့လူသားတစ်ယောက် ဖြစ်နေမှာပါ။

(၅) တခါတလေမှာ ရင့်ကျက်မှုဆိုတာ ရရှိလာဖို့ စိတ်ဒဏ်ရာအနာတရတွေကို ခံစားခဲ့ရတယ်။ ပိုင်ဆိုင်ခြင်းရဲ့တန်ဖိုးကို ဘဝတစ်ခုလုံး၊ ရင်ခွင်တစ်ခုလုံးနဲ့ နားလည်ခံစားတတ်ဖို့အတွက် ဆုံးရှုံးမှုတွေကိုလည်း ပွေ့ပိုက်ခဲ့ရတယ်။ တန်ဖိုးအရှိဆုံးသော ဘဝပေးသင်ခန်းစာတွေဆိုတာ အကောင်းဆုံးသော ထိခိုက်နာကျင်မှုတွေကို ဖြတ်သန်းနိုင်ခဲ့လို့ ရလာတာပါ။

(၆) ဘဝဖြတ်သန်းမှုဆိုတာ အလှည့်အပြောင်းတွေနဲ့ ဆန်းပြားသလို၊ လေးနက်သိမ်မွေ့မှုတွေလည်း အများကြီးပါတယ်။ အခွင့်အရေး အများအပြား၊ အစုံအလင်ကိုလည်း သယ်ဆောင်လာပေးတတ်တယ်။ သင့်အနေနဲ့ မှန်ကန်တဲ့ရှုထောင့်ကနေ ကြည့်တတ်မှ ဒီအခွင့်အရေးတွေကို မြင်ပါလိမ့်မယ်။

(၇) တခါတလေ သင့်မှာကိုယ်ပိုင်စိတ်စွမ်းအား၊ ခံနိုင်ရည်အင်အား အစစ်အမှန်ဘယ်လောက်ရှိသလဲဆိုတာ သင့်ရဲ့အကြီးမားဆုံးသော အားနည်းချက်ကြီးနဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်မဆိုင်ရသေးသရွေ့ သင်ကိုယ်တိုင်တောင် အတိအကျသိရှိနိုင်မှာ မဟုတ်ပါဘူး။

(၈) သင့်အပေါ်လူတွေက အကောင်းအဆိုး ဘယ်လိုထင်မြင် ယူဆကြသည်ဖြစ်စေ၊ ဘယ်လိုသက်ဝင် ခံစားကြသည်ဖြစ်စေ သင့်အနေနဲ့ တစ်ဦးချင်းစီကို လိုက်ပြောင်းလဲနေလို့ မရနိုင်ပါဘူး။ သင့်နှာခေါင်းပေါက်နဲ့သင် လွတ်လွတ်လပ်လပ် အသက်ရှူပါ။ သင်ရပ်တည်လိုတဲ့ပုံစံအတိုင်း မည်သူ့ကိုမှမထိခိုက်ဘဲနဲ့ သင့်ဘဝကိုပျော်ရွှင်စွာ ရပ်တည်နိုင်ပါတယ်။ သင်အပါအဝင် လူတိုင်းဟာ ကိုယ့်ဘဝနဲ့ကိုယ်ပါ။

credit to နှိုင်းရင့်နွေ

မိမိကိုယ်ကို ကောင်းအောင်ပြင်တတ်ကြပါစေ

လူတချို့က သူတစ်ပါးအားနည်းချက်ကိုနင်းမှ ပျော်တတ်ကြတယ်

လူတချို့က သူတစ်ပါးကို အပြစ်လိုက်ပြောရမှ နေသာထိုင်သာရှိတတ်ကြတယ်

လူတချို့က သူတစ်ပါးကို ပျက်ရယ်ပြုနေမှ ကိုယ့်ကိုယ်ကို လုံခြုံပြီထင်နေတတ်ကြတယ်

ကိုယ်ကိုယ်ကိုသာ ဖြူစင်အောင်ကြိုးစားကြပါဦး
သူတစ်ပါးအပြစ်တွေလိုမျိုး ကိုယ့်မှာ ကင်းစင်ရဲ့လား စဉ်းစားကြည့်ပါဦး

မိမိကိုယ်သာ ကောင်းအောင် ပြုပြင်တတ်ကြပါစေ ။

Credit to : ကောင်းကင်ပြာ

စိတ်ဓာတ်ခွန်အား

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေမို့
အတွေးအမြင်တွေလည်း ကွာခြားနိုင်ပါတယ်

အတွေးအမြင်တွေကွာခြားနိုင်သလို
ထင်မြင်ယူဆချက်နဲ့ ကောက်ချက်ချမှုတွေလည်း ကွာခြားနိုင်ပါတယ်

ခဏခဏ ရေးခဲ့ဖူးသလို ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့

လာထား ....
မိုးကောင်းကင်လောက်ပဲကျယ်ပြန့်မလား
ပင်လယ်ကြီးလောက်ပဲနက်မလား
တောင်တန်းတွေလောက်ပဲမြင့်မလား
အခက်အခဲ ဆိုရင် ရင်ကော့ကြိုလို့ ရင်ဆိုင်ပစ်လိုက်စမ်း

ရှောင်ပုန်းတယ်ဆိုတာ အားနည်းခြင်းတစ်မျိုးပဲ
ကိုယ့်အားနည်းချက်ကို ထုတ်ဖော်မပြသနဲ့
တုန်းတိုက်တိုက် ကျားကိုက်ကိုက်
အရာရာကို ရင်ဆိုင်ရဲတဲ့ခွန်အားဆိုတာ
ကိုယ့်မှာ ရှိရမယ် ။

credit to သက်တန့်ချို

Friday, September 19, 2014

အမည်သိရုံနဲ့ ဘယ်လိုအမူအကျင့်ရှိနိုင်မလဲ

နာမည်သိရုံနဲ့ဘယ်လိုအမူအကျင့်ရှိသလဲ
============================
သင်ရဲ့နာမည်မှာပါတဲ့ ABC အက္ခရာလေးတွေကနေ သင့်ရဲ့ စရိုက်ကို ခန့်မှန်းနိုင်ပါတယ်.။မှန်မမှန်သိချင်ရင်တော့ ..ဥပမာ နာမည်က Zaw Zaw ဆိုပါတော့..ဒါဆို-
Z=သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။ A=သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်။ W=သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး ။
ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည့်.ကြပေတော. ။ Good Luck! Friends.
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ကဲ တွက်ကြည့်လိုက်ကြနော်

Credit To The Express Times

Thursday, September 18, 2014

တကယ်လို့များ နာကျင်ခံစားနေရပီဆိုရင်

တစ်နေ့နေ့
နင်နာကျင်စရာများကြုံ ခဲ့ရင်...
အော်ကြီးဟစ်ကျယ် ရယ်မောပါ...
သွားချင်တဲ့နေရာတွေ လျှောက်သွားပါ...
သူငယ်ချင်းတွေနဲ့ တူတူ နေပါ....
သီချင်းအကျယ်ကြီး ဆိုကြည့်ပါ...

တခါတခါ
မိုးရေတွေထဲ လမ်းလျှောက်ကြည့်ပါ....
ဒါမှမဟုတ်...
ချောင်တချောင်မှာ တိတ်တိတ်ကလေး ငိုကြည့်ပါ...။
ဒါပေမဲ့
နောက်တနေ့မှာ...ရှေ့ကို ဆက်သွားပါ...

credit >> unknown