Thursday, January 16, 2014

ဒုတိယလူ

~ဒုတိယလူ~

ဒုတိယ လူ ဆိုတာ...
ပထမ လူပေးသွား တဲ့
ဒါဏ်ရာတွေ အတွက် ထွက်ပေါက်တစ်ခုလား ???

ဒုတိယ လူဆိုတာ....
ပထမ သူ လုပ်သွားတဲ့ အမှားအတွက်နဲ့
ပြန်ကလဲ့စားချေခံရမဲ့ အရုပ်တစ်ခု လား ???

ဒုတိယ လူဆိုတာ....
ကိုယ်မလုပ်တဲ့ အမှားတစ်ခုအတွက်...
ထာဝရ ခေါင်းငုံ့ ဖြည့်စည်းပေးရမဲ့သူလား..???

ဒုတိယ လူဆိုတာ...
ပထမ မှားခဲ့တာတွေ အတွက်...
အမှန်တရား တစ်ခု ဖြစ်ခွင့်မရှိတာမျိုးလား ..???

ဒုတိယ လူဆိုတာ....
ပထမ လူ ထက် ပိုသာခွင့် မရှိဘူးလား...???

ဒုတိယလူ...
ုဒုတိယ လူ
ဒုတိယ လူဆိုတာ....
စစ်မှန်ခြင်း ကို ပြခွင့်မရှိတဲ့
အနှိမ်ခံသက်သက်လား...????

No comments:

Post a Comment