Thursday, January 16, 2014

တကယ်တော့

~တကယ်တော့~

စိုးရိမ်နေခဲ့တယ်...
သူ့ status တွေက
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက်ကို ဦးတည်နေတဲ့
စာသားလေးတွေ ဖြစ်နေမှာ...။

စိုးရိမ်နေခဲ့တယ်...
သူ သီချင်းနားထောင်တဲ့ အခိုက်အတန့်က
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက် ကို သတိရနေမိမှာ...။

စိုးရိမ်နေခဲ့တယ်...
သူ့အကောင့်လေးစိမ်းလာတဲ့အခါ...
သူနှုတ်ဆက်ချင်တာ...
ကိုယ်မဟုတ်တဲ့
တစ်စုံတစ်ယောက် ဖြစ်နေခဲ့မှာ...

No comments:

Post a Comment