လူတစ်ယောက်ကို အကြောင်းပြချက်မရှိ
ချစ်မိသွားဖို့လွယ်ကူပေမဲ့
လူတစ်ယောက်ကို အကြောင်းပြချက်တွေနဲ့
တစ်ဘဝလုံးစာ မေ့ပစ်လိုက်ဖို့တော့ခက်ခဲနေတယ်
လူတစ်ယောက်ကို လမ်းခွဲမယ်ဆိုတဲ့ စကားတစ်ခွန်း
သုံနှုန်းလိုက်ဖို့ လွယ်ကူနေပေမဲ့
လူတစ်ယောက်ကို နာကျင်မှုတွေကြားထဲက
စွန့်လွှတ်ပစ်လိုက်ဖို့ကြတော့ခက်ခဲနေခဲ့ပြန်တယ်
လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့သူအတွက်
သူ့အပေါ်အရာရာ နားလည်ပေးနိုင်ဖို့ခက်ခဲနေပေမဲ့
သူပေးတတ်တဲ့ နာကျင်မှုတွေကိုပဲ အဆုံးထိ ခံယူ
နေမိတတ်ကြတာပါ
No comments:
Post a Comment