Friday, January 10, 2014

အဖေ

- ပက်ကြားအက်ခြေဖဝါးတွေနဲ့
အတ္တတွေကိုသယ်ဆောင်ခဲ့
အသားမာတက်နေတဲ့ပခုံးသား
ဒါ.....
ငါ့သား......အတွက်..။

ပဲ့ရွဲ့ကြေမွနေတဲ့ လက်သည်းခွံတွေနဲ့
မောလျတဲ့သက်ပြင်းတွေ
တောက်ချပစ်ခဲ့တယ်
နူးညံ့မှုန်ရီနေဆဲ အသံဝါကြီးနဲ့
ချော့သိပ်ခဲ့တဲ့ညတွေက
ဒါ....
ငါ့သမီး..အတွက်...။

ဖေဖေရဲ့ လက်မောင်းအစုံ
ယီးလေးခို လိုက်ပါခဲ့ရင်း
သီချင်းသံလည်းနားဆင်တတ်ခဲ့ပြီ
ငိုကြွေးသံလည်းနာခံတတ်ခဲ့ပြီ
.ရယ်မောသံလည်း ...
လှစ်လျူရှူတတ်ခဲ့ပါပြီ..

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

Thwin Gyi

No comments:

Post a Comment