Thursday, January 9, 2014

:D

လူတယောက်ကိုယ့်အပေါ် ဘယ်လောက်လေးနက်သလဲ
တွယ်တာသလဲ နက်ရှိုင်းသလဲဆိုတာ
သာမာန်အချိန်မှာတော့ပြောရသိပ်ခက်ပါတယ်

ဘယ်အချိန်မှာသိလာနိုင်သလဲဆိုရင်
သင့်အပေါ်သူစိတ်တိုင်းမကျစရာတွေတွေ့လာတဲ့အချိန်
သင်သူ့ကိုစိတ်ညစ်အောင်လုပ်မိတဲ့အချိန်
သင်နဲ့သူ ထိတွေ့မှုတွေခဏဝေးကွာသွားချိန်တွေမှသိနိုင်တယ်

ဘယ်လောက်ချစ်သလဲ ကိုယ့်အပေါ်ဘယ်လောက်သံယောဇဉ်ကြီးသလဲဆိုတာ
သင့်ကိုသူဘယ်လောက်မစွန့်လွှတ်ပဲတောင့်ခံထားနိုင်သလဲဆိုတာနဲ့ဆုံးဖြတ်တယ်
တချို့က အရမ်းပိုင်ဆိုင်ချင်ကြပေမဲ့ စိတ်ပျက်စရာကြုံလာတာနဲ့
သင့်ကိုအလွယ်တကူပဲ စွန့်ခွာတတ်ကြသလို
အလွယ်တကူပဲသင့်အပေါ်အေးစက်တတ်ကြတယ်လေ
အဲလိုလူတွေနဲ့တွေ့ခဲ့ရင် သူတို့ဟာသင့်အပေါ်သိပ်မရူးသွပ်ခဲ့ကြဘူးပြောလို့ရတယ်
သင့်အပေါ် တကယ်ရူးသွပ်ခဲ့သူဟာ သင့်ကိုစွန့်လွှတ်ခဲ့ရင်တောင်
အဲဒါ သူ့ဘဝရဲ့အခက်ခဲဆုံး ဆုံးဖြတ်ချက်တခုပဲဖြစ်ခဲ့မှာသေချာပါတယ်

credit >> unknown

Thwin Gyi

No comments:

Post a Comment