Wednesday, January 8, 2014

နင့်သဘောပါ

နင့်ကို ငါမချစ်တော့တာ

မဟုတ်ပါဘူး...

ငါ့ကိုယ်ငါ နည်းနည်းလေး ပိုချစ် လိုက်တာပါ။

နင့်ကို မလိုအပ်တော့တာ

မဟုတ်ပါဘူး...

နင်မလိုအပ်တဲ့ ငါ့အချစ်တွေကို

သိမ်းထားလိုက်တာပါ။

နင့်ကို တန်ဖိုးမထားတော့တာ

မဟုတ်ပါဘူး...

ငါ့အချစ်ကို ငါတန်ဖိုးထား သိမ်းဆည်းလိုက်တာပါ။

နင့်ကိုငါ သတိမရတော့တာ

မဟုတ်ပါဘူး...

မမုန်းမိအောင် ကြိုးစားရင်း

မေ့ချင်ယောင်ဆောင်ထားလိုက်တာပါ။

နင့်ဆန္ဒ နဲ့ ငါ့ဆန္ဒ နှစ်ခု

ထိပ်တိုက် တွေ့ဆုံလာတဲ့အခါတိုင်းမှာ

ငါ့ဆန္ဒက အလိုလို သေဆုံးပေးပြီးသား ဖြစ်သွားတယ်လေ

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

Thwin Gyi

No comments:

Post a Comment