တစ်ခါတစ်လေ သင်ချစ်တဲ့သူ
တစ်ယောက်ကြောင့်
စိတ်ဆိုးဝမ်းနည်းခြင်းတွေကို
ခံစားဖူးမှာပါ
အဲဒီအခါ ရုတ်တရက်
သူ့အပေါ် ဒေါသထွက်မိမယ်
အပြစ်တင်မိမယ်
စိတ်ဆိုးမိကြပါလိမ့်မယ်
အမြဲတမ်း မဟုတ်တဲ့
တစ်ခါတစ်လေ သူ့အပြစ်ကို
ချက်ချင်းခွင့်မလွှတ်နိုင်ရင်တောင်
မိမိရဲ့စိတ်ကို အရမ်းပေါက်ကွဲ
မပြလိုက်ပါနဲ့
ဒီအခြေအနေကို
သင်မထိန်းနိုင်ရင်တော့
အချစ်ဆုံးကနေ
အမုန်းဆုံးတွေ ဖြစ်သွားတတ်ကြ
တယ်
အဆုံးစွန်ထိ စိတ်ကိုလွှတ်လိုက်
မိတော့မယ်ဆိုရင်
ခဏလေး ပြန်စဉ်းစား
လိုက်ပါ
သူ့ကြောင့်ပျော်စရာတွေ
အများကြီးသင်ကြုံခဲ့ဖူးတယ်
မဟုတ်လား
တစ်ခါတစ်လေလေး ဝမ်းနည်းရတာနဲ့
ပျော်ခဲ့ဖူးတာတွေကို မမေ့လိုက်ပါနဲ့
ပျော်စရာတွေချည်းပဲရှိတဲ့ ဘဝ ဘယ်သူမှမပိုင်သေးဘူးလေ
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment