Wednesday, January 8, 2014

မဖြစ်စေချင်ဘူး

ကောင်းကင်ကမှ လွတ်လပ်တယ်လို့
နင်က ထင်တာလား...။

ဒါဆိုလည်း နင်ပျော်တဲ့အရပ်မှာနေပါ။
ငါ့ရဲ့ ဂရုစိုက်မူတွေဟာ နင့်အတွက်..
အချုပ်နှောင်တခုလိုတော့ ဖြစ်မနေစေချင်ဘူး။

ငါ့ သ၀န်တိုတက်တာဟာ နင့်အတွက်..
စိတ်ကျဉ်းကျပ်မူတခုတော့ ဖြစ်မနေစေချင်ဘူး။

ငါ့ရဲ့ အချစ်တွေဟာ နင့်အတွက်..
အကျဉ်းထောင်တခုလို မွန်းကျပ်မနေစေချင်ဘူး။

ဒါပေမယ့်
တိမ်ညိုတွေ ဆိုင်းတက်တဲ့ကောင်းကင်ဟာ
မာယာများတယ်ဆိုတာ သိမြင်လာတဲ့တနေ့...
ငါ့ရင်ခွင်ကို ပြန်လာဖို့ကိုလည်း မေ့မနေနဲ့အုံး

မူရင်းရေးသားသူကို ကျေးဇူးအထူးတသ်ရှိပါသည်။

Thwin Gyi

No comments:

Post a Comment