Friday, January 10, 2014

ဒုတိယလူ

နင်နေမကောင်းဖြစ်တဲ့အခါ
နင်သတိရနေတာသူ့ကိုမလား ?????
သူ နင့်ဘေးနားရောက်မလာလို့
အားငယ်နေတဲ့
နင့်ကို ငါ မျက်ရည်တွေနဲ့
နှစ်သိမ့်စကားပြောခဲ့တယ်
နင်မပျော်တာငါ သိတာပေါ့
ဒါပေမဲ့
ရယ်စရာကောင်းတဲ့ပြက်လုံးတွေနဲ့
မျက်ရည်ဝဲနေတဲ့
လူရွှင်တော် အဖြစ်ငါအသုံးတော်ခံခဲ့တယ်
နင်သိမှာမဟုတ်ပါဘူး
နှလုံးသားနာကျင်မှု
အခုချိန်ထိ
နင့်ဘေးနားဘယ်သူမှမရှိပေမဲ့
နင့်စိတ်ထဲက သူ့အရိပ်တွေ
ငါမြင်နေရတယ်
ငါ မလာရဲတော့ပါဘူး

နင်သိစေချင်လို့

Thwin Gyi

No comments:

Post a Comment