Friday, January 10, 2014

အမေ

- အံ့သြဖွယ်ရာ
ခေါင်းခါးခြေလက်
မျက်ဆံလဲ့လဲ့လေးတွေနဲ့အတူ
ထုဆစ်မွေးဖွားပေးခဲ့သူ..။

မေမေ.....
တစ်ခါတုန်းက
ကြားဖူးခဲ့ရတဲ့ စာလေးတစ်ပုဒ်
အမှတ်ရမိတယ်....။

အဖွားအိုတစ်ယောက်
လမ်းတကာလှည့်လို့
တစ်ကြော်ကြော်ဟစ်ခေါ်
သားလေးရေ...
လူကလေးရေ.....တဲ..။

အမေ့ရဲ့သား
လူမမယ်သားလေး ပျောက်သွားလို့တဲ့
အမေ့သားက
ဘယ်အရွယ်များရှိပါသလဲ...
သြော်....
အမေရဲ့သားလေး
၆၅ နှစ်ကလေးသာ
ရှိပါသေး၏..။

မျက်စိများလည်သလား
အိမ်ကိုများ မမှတ်မိလို့လား
ဝေဝါးစိတ်နဲ့ စိုးရိမ်နေတဲ့ အမေ.....
မေတ္တာအပြည့်နဲ့ထုဆစ်
ရာဇဝင်မှာ တွင်ရစ်စေခဲ့ အမေ....

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

Thwin Gyi

No comments:

Post a Comment