Thursday, January 9, 2014

လိုအပ်ပါတယ်

ညတာ ရှည်လွန်းတော့
အိပ်မက်တွေ များတာပဲ အဖတ်တင်တယ်....။

အမှတ်တရ များလွန်းတော့
နာကျင်စရာတွေ များတာပဲ အဖတ်တင်တယ်...။

မျှော်လင့်ချက်တွေ များလွန်းတော့
နေ့ရက်တွေ မွန်းကြပ်တာပဲ အဖတ်တင်တယ်...။

အဝေးကြီးကိုလည်းမငေးချင်တော့ဘူး...
အတွေးတွေ နဲ့လည်း မဆွေးချင်တော့ဘူး...
မျှော်လင့်ချက် တွေနဲ့လည်း မမောပန်းချင်တော့ဘူး....

ဘ၀မှာ...
ရှုပ်ရှုပ်ထွေးထွေး တွေသိပ်မလိုအပ်ပါဘူး။

ရခဲ့ဖူးတဲ့...
ဂရုစိုက်မှုတချို့ရယ်...
အမှတ်တရ တချို့ရယ်...နဲ့..တင်..
ကိုယ့်နေ့ရက်တွေကို..တစ်ယောက်တည်းကျော်ဖြတ်ဖို့ ရာ
လုံ...လောက်...ပါ...တယ်...

Thwin Gyi

credit >> unknown

No comments:

Post a Comment