Thursday, January 9, 2014

မသိတာကောင်းပါတယ်လေ

တစ်ချို့အရာတွေက မေ့ပစ်ထား
လိုက်တာကောင်းပါတယ်...
အစပြန်ဖော်မိတဲ့အခါ နာကျင်
နေတတ်တာ ကိုယ်ဖြစ်နေတတ်
ပါတယ်...

တစ်ချို့အရာတွေက ပြန်မလာ
တော့ဘူးဆိုတာသိနေပေမဲ့
စောင့်မျှော်နေတတ်တယ်...
မဖြစ်နိုင်မှန်းသိတဲ့အရာတစ်ခုကို
မစွန့်လွှတ်နိုင်တာဟာကိုယ့်ကို
ကိုယ် နာကျင်အောင်လုပ်နေ
တာနဲ့အတူတူပါပဲ...

တစ်ချို့အရာတွေက သတိမရ
တော့တာကောင်းပါတယ်...
မမေ့ပစ်နိုင်သ၍ အချိန်တိုင်း
သတိရမိနေသ၍ကတော့ ခဏ
ခဏ ကိုယ့်ဘဝကြီးဟာအဓိပ္ပါယ်
မဲ့နေသလိုခံစားနေရတတ်ပါ
တယ်...

လောကကြီးထဲမှာ ပိုင်ဆိုင်ဖို့
ခွန်အားမဲ့လာတဲ့အခါ စွန့်လွှတ်
ပစ်နိုင်ဖို့အတွက်သင်ယူပါ...

တစ်ချို့အရာတွေကိုမေ့ပစ်နိုင်ဖို့
ကြိုးစားပါ...

အမြဲတမ်းတော့နှစ်ယောက်ဆို
တာမရှိနိုင်ပါဘူး တစ်ယောက်
တည်းဖြစ်သွားတဲ့အခါနေတတ်
အောင်လဲကြိုးစားဖို့လိုပါတယ်...

Phoe Phyu

Thwin Gyi

No comments:

Post a Comment