တစ်ယောက်တခွန်း စကားများကြတဲ့အခါ
ရန်ဖြစ်လိုက်ရလို့ အချိန်ကုန်သွားတာထက်
စိတ်ကုန်သွားမှာပဲ ငါကြောက်တာ.....။
တစ်ယောက်နဲ့တယောက် မာနပြိုင်ကြတာအခါ
မခေါ်မပြောကြလို့ စိတ်ဆိုး စိတ်ကောက်ကြတာထက်
သွေးအေးသွားမှာပဲ ငါကြောက်တာ.....။
တမြေစီခြားနေလို့ ဝေးနေကြရတဲ့အခါ
မိုင်တွေခြားလို့ အနေဝေးသွားမှာထက်
တစိမ်းဆန်သွားမှာပဲ ငါကြောက်တာ.....။
တခါတလေ...
ဆုံးရူံးမှာကြောက်တဲ့ စိုးရိမ်စိတ်တွေဟာ
တကယ်ချစ်တဲ့သူနှစ်ဦးကြားမှာ
မလိုလားအပ်တဲ့ ပြသနာတခုလိုပဲ
သံသယစိတ်တွေနဲ့ ချစ်သူနှစ်ဦးကို ဝေးကွာသွားစေနိုင်တယ်......။
မနောဖြူ
No comments:
Post a Comment