သင်ပညာ ဘယ်လောက်တတ်နေသလဲဆိုတာ သင့်တန်ဖိုးမဟုတ်ပါဘူး
သင်တတ်ထားတဲ့ပညာနဲ့ လောကအကျိုး လူတွေအကျိုးဘယ်လောက်သယ်ပိုးပြီးပြီလဲဆိုတာက သင့်တန်ဖိုးပါ
သင်ဘယ်လောက်ချမ်းသာသလဲဆိုတာ သင့်တန်ဖိုးမဟုတ်ပါဘူး
သင်ချမ်းသာသမျှ နဲ့ ဝေမျှ သော အလှူဒါန ဘယ်လောက်လုပ်ပြီးပြီလဲဆိုတာ သင့်တန်ဖိုးပါ
သင်ဘယ်ရာထူးရနေသလဲဆိုတာ သင့်တန်ဖိုးမဟုတ်ပါဘူး
သင့်ရာထူးအောက်က လက်အောက်ငယ်သားတွေသင့်ကို ဘယ်လောက်လေးစားကြသလဲဆိုတာကသာ သင့်တန်ဖိုးပါ
သင်ဘယ်လောက်တော်သလဲဆိုတာ သင့်တန်ဖိုးမဟုတ်ပါဘူး
သင်ဘယ်လောက် အမှားနည်းနည်းနဲ့ဘ၀ကို ဖြတ်သန်းနိုင်သလဲဆိုတာကသာ သင့်တန်ဖိုးပါ
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။ :)
No comments:
Post a Comment