Wednesday, January 8, 2014

မရှိရတော့ဘူးလားဟင်

ချင်းကပ်ထားတဲ့ နှလုံးသားနှစ်စုံဟာ
ကြေကွဲမှု့နဲ့အလွမ်းတချို့မရှိရတော့ဘူးတဲ့လား...

မျက်ရည် ဆိုတာ...
မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေပေါင်းစုပြီး
ခံစားချက်တွေ ရင်နဲ့မမျှရင်းလိုက်ရတဲ့အခါ
ကျဆင်းလာတဲ့ သက်သေဆိုရင်ကော
ယုံနိုင်ပါ့မလား...

ရင်ဘက်ထဲက နာကျင်မှု့တွေကို
လှို့ဝှက်လိုက်တယ် ဖုံးကွယ်လိုက်တယ် ဆိုတာ
ခံစားချက်မဲ့နေခဲ့လို့မှမဟုတ်တာ...

ဒီလိုပါပဲ...တချို့ ခံစားချက်တွေဟာ
ဘာ ဖွင့်ဆိုချက်မှ မရှိပေမယ့်
ရင်ဘက်တနေရာမှတော့ မမေ့မပျောက်
ထာဝရ တည်ရှိနေတက်တယ်..............

Thwin Gyi

No comments:

Post a Comment