Wednesday, January 8, 2014

တယောက်ကိုတယောက်

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မိသွားရင်
အနေနီးခြင်း ဝေးခြင်းက အဓိကမကျပါဘူး...
အပြန်အလှန် တန်ဖိုးထားပေးမှုလေးတွေနဲ့ပဲ
ပျော်ရွှင်နေမိမှာပါ

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မိသွားရင်
အနားနားရှိနေပေးမှ မဟုတ်ပါဘူး..အဝေးကနေ
အပြန်အလှန် ဂရုစိုက်မှု...အားပေးမှုလေးတွေနဲ့ပဲ
အကောင်းဆုံးကျော်ဖြတ်နေမိမှာပါ

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်မိသွားရင်
အနေနီးနေမှ မဟုတ်ပါဘူး ...အနေဝေးနေရလဲ
ကိုယ့်ချစ်သူကို ချစ်တဲ့စိတ်တွေကြောင့် အပြန်အလှန်
သစ္စာတရားတွေရှိနေပေးမိမှာပါပဲ

Khin Myo Aye

Thwin Gyi

No comments:

Post a Comment