Tuesday, January 7, 2014

မာန

ကိုယ့်က စပြီးပြန်မခေါ်နိုင်ဘူးလို့..
မာန်မာနလေးတင်းနေမိလိုက်တဲ့အခါ...
သူနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး မနေနိုင်တဲ့ကိုယ်သာ..
သူ့ကို အဆုံးရူံးမခံနိုင်ဘူးဆိုတဲ့အကြောင်းကို ပိုသိလာခဲ့တယ်။

သူစပြီး ပြန်ချော့မှာလားလို့...
တဖတ်သတ် မျှော်လင့်နေမိတဲ့အခါ...
သူနဲ့ စကားမပြောပဲ နေရတဲ့အချိန်တွေမှာ ကိုယ့်အတွက်..
သူကို ခွဲခွာမသွားနိုင်ဘူးဆိုတဲ့အချက်က ပိုခိုင်မာလာခဲ့တယ်။

တခါတလေ...
ကိုယ့်ရဲ့မာနတွေထက် အချစ်ကိုပိုတန်ဖိုးထားလို့ ..
တောင်းပန်ပြီး အလျော့ပေးမိလိုက်တဲ့ အခါ....။

ငါ့ကို ခပ်ညံ့ညံ့ အညံ့ခံလွယ်တဲ့ လူစားလို့တော့မထင်လိုက်နဲ့
တကယ်တော့ နင့်အပေါ်မှာ အချစ်ကြီးမိတဲ့လူတစ်ယောက်မို့
ငါ့ရဲ့ မာန်မာနတွေကိုတောင် မေ့ပျောက်သွားနိုင်ခဲ့တာပါ......

Thwin Gyi

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။ :)

No comments:

Post a Comment