Thursday, January 9, 2014

ဆိုတာ

ပေးဆပ်ခြင်းဆိုတာ....
ကိုယ် အလိုအပ်ဆုံးဖြစ်တဲ့ ဒီကမ္ဘာမြေပေါ်က
တခြားလူတစ်ယောက် ပျော်ရွှင်နေခြင်းမို့လား။

ကျတဲ့မျက်ရည်တချို့ကြောင့်သာ ကိုယ်ချစ်တဲ့သူ
ပျော်မယ်ဆိုရင် ငိုကြွေးဖို့ အသင့်ဖြစ်နေလိမ့်မယ်။

သည်းခံခြင်းဆိုတာ...
ကိုယ်က အနီးနားမှာ အမြဲရှိနေစေချင်ပြီး သူ့ဘက်က
နာကျင်မူတွေပေးတဲ့လူတစ်ယောက် အတွက်မို့လား။

နင်းခြေသွားတဲ့ မာနတချို့ကြောင့်သာ ကိုယ်ချစ်တဲ့သူ
ကျေနပ်တယ်ဆိုရင် အရူံးပေးဖို့ အသင့်ဖြစ်လိမ့်မယ်။

ခွင့်လွှတ်ခြင်းဆိုတာ...
ကိုယ့်နှလုံးသားထဲမှာ နေရာအပြည့်ယူထားတဲ့သူရဲ့
အမှားတွေအတွက် အပြစ်မမြင်တက်ခြင်းမို့လား..။

တကယ်လို့သာ....
ကိုယ့်အညံ့ခံပေးလို့ ချစ်သူဝံ့ကြွားနိုင်တယ်ဆိုရင်
သူရှိနေစေချင်တဲ့ သေးငယ်သောကမ္ဘာလေးတခုမှာ...
ရောင်ရဲတင်းတိမ်နိုင်အောင် ကိုယ်တိုင်ကြိုးစားနေလိုက်မယ်

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

Thwin Gyi

No comments:

Post a Comment