လွမ်းနေရသည့်တိုင်
ဖုန်းသံလေးကို စောင့်မိနေသေးတယ်
ဝေးနေရသည့်တိုင်
ပြန်ဆုံဖို့ကို
လက်ချိုးရေမိနေသေးတယ်
စိတ်ဆိုးနေသည့်တိုင်
အချော့ခံဖို့ မျှော်လင့်မိနေသေးတယ်
သူပစ်သွားသည့်တိုင်
ဒါဟာအိပ်မက်ဖြစ်ပါစေလို့
ဆုတောင်းမိနေသေးတယ်
တကယ်ချစ်သွားမိတဲ့အခါ
အတွေး
အမြင်
အသိ တွေထဲမှာ
ဖျောက်ဖို့ခက်တဲ့ စွဲလမ်းမှုမျိုးနဲ့
သူမှသူပဲစိုးမိုးနေတော့တယ်
ဒါဟာရူးသွပ်မှုတစ်ခုပဲဆိုရင်
ခုံမင်စွာနဲ့ ရူးသွပ်ပစ်လိုက်တာကို
အချစ်လို့ခေါ်မလား
မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။
No comments:
Post a Comment