Saturday, September 20, 2014

စိတ်ဓာတ်ခွန်အား

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေမို့
အတွေးအမြင်တွေလည်း ကွာခြားနိုင်ပါတယ်

အတွေးအမြင်တွေကွာခြားနိုင်သလို
ထင်မြင်ယူဆချက်နဲ့ ကောက်ချက်ချမှုတွေလည်း ကွာခြားနိုင်ပါတယ်

ခဏခဏ ရေးခဲ့ဖူးသလို ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့

လာထား ....
မိုးကောင်းကင်လောက်ပဲကျယ်ပြန့်မလား
ပင်လယ်ကြီးလောက်ပဲနက်မလား
တောင်တန်းတွေလောက်ပဲမြင့်မလား
အခက်အခဲ ဆိုရင် ရင်ကော့ကြိုလို့ ရင်ဆိုင်ပစ်လိုက်စမ်း

ရှောင်ပုန်းတယ်ဆိုတာ အားနည်းခြင်းတစ်မျိုးပဲ
ကိုယ့်အားနည်းချက်ကို ထုတ်ဖော်မပြသနဲ့
တုန်းတိုက်တိုက် ကျားကိုက်ကိုက်
အရာရာကို ရင်ဆိုင်ရဲတဲ့ခွန်အားဆိုတာ
ကိုယ့်မှာ ရှိရမယ် ။

credit to သက်တန့်ချို

No comments:

Post a Comment