•ヅ• ချစ်သူ •ヅ•
ငါ နင့်ကို ချစ်တယ်ဆိုတာ..
အာဒံက ဧ၀ ကိုချစ်သလို ရွှေးချယ်စရာမရှိတဲ့
ရှေးရိုးဆန်ျတဲ့ခပ်ရိုးရိုးအချစ်မျိုးမဟုတ်ဘူး
လူသားသန်းပေါင်းများစွာထဲကမှ နင့်တစ်ယောက်ကို
တန်ဖိုးထားပြီး မြတ်နိုးတာပါ
•ヅ• ချစ်သူ •ヅ•
ငါနင့်ကို လွမ်းတယ်ဆိုတာ..
ပါးစပ်ဖျားက ခလုတ်တိုက်ပြီးထွက်လာတဲ့
ဟာသပြဇတ်ထဲက ခပ်ပေါပေါ ပြတ်လုံးတခုမဟုတ်ဘူး
ဘယ်ဘတ်ရင်အုံ နာကျင်မိလို့ ကျွှံထွက်လာတဲ့
နှလုံးသားရဲ့သက်သေတွေပါ
•ヅ• ချစ်သူ •ヅ•
ငါနင့်ကို အလျော့ပေးတယ် ဆိုတာ..
အပေါ်ယံ စိတ်ကူးယဉ် အိမ်မက် မက်နေသလို
ဂယောင်ကတမ်း ပြောမိတဲ့ အရာမဟုတ်ဘူး
စိတ်မြန်တတ်တဲ့ ငါ့အကျင့်ကို စွန့် လွှတ်တဲ့အထိ
နင့်ကို ငါ အမြဲတမ်းနားလည်ပေးမိနေတာပါ
•ヅ• ချစ်သူ •ヅ•
ငါနင့်ကိုသတိရတယ်ဆိုတာ..
ခပ်ရိုးရိုး ပိန်းပိန်းထွက်လာတဲ့
စိတ်မပါ လက်မပါ စကားလုံးသက်သက် မဟုတ်ဘူး
နှလုံးသားကိုအမြဲနာကျင်အောင်လုပ်တဲ့ မင်းကို
အမှတ်သည်းခြေမရှိဘဲ လွမ်းမိနေတာပါ
ဒါတွေကို နင်သိနေခဲ့ရင် ငါ့အနားက ဘယ်တော့မှထွက်မသွားပါနဲ့ ချစ်သူရယ်...
credit >> orginal uploder
No comments:
Post a Comment