Sunday, January 12, 2014

နင့်ကိုသိစေချင်လိုက်တာ

အရောင်တွေချယ်ထားမှ
လှပတဲ့ ပန်းချီကားတချပ်ဖြစ်တာ
မဟုတ်မှန်း
နင့် ကိုသိစေချင်လိုက်တာ

ဘယ်သူမှမရှိတဲ့
အခန်းလေးကလည်း
မျှော်နေတယ်ဆိုတာ
နင့်ကိုသိစေချင်လိုက်တာ

နင့်မျက်နှာမှာ အပြုံးလေးတခု
ဖြစ်ပေါ်လာဖို့ 
ငါ့အသက်တရက်နဲ့  လဲရဲတယ်ဆိုတာ
နင့်ကိုသိစေချင်လိုက်တာ

နင်မရှိတဲ့ ငါ့ဘဝ
အလွမ်းနဲ့  စီးချင်းထိုးနေရတာ
နင့်ကို သိစေချင်လိုက်တာ

credit @ နင်သိစေချင်လို့

Thwin Gyi

No comments:

Post a Comment