Sunday, January 12, 2014

လွယ်လွယ်လေးပါ

ချစ်သူထားရတာ လွယ်ပါတယ်
ကိုယ့်ချစ်သူကို အမြဲသစ္စာထားဖို့ ဘဲ ခက်တာပါ

လမ်းခွဲဖို့ ဆိုတာ လွယ်ပါတယ်
ရင်ထဲကအမြဲ အပြီးထုတ်ဖို့ ဘဲ ခက်တာပါ

ဆုံးဖြတ်ချက် ချဖို့ ဆိုတာ လွယ်ပါတယ်
ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း လိုက်လုပ်ဖို့ ဘဲ ခက်တာပါ

ခွင့်လွှတ်တယ်ဆိုတာ စကားပြောဖို့ ဆိုတာ လွယ်ပါတယ်
သံသယရှင်းရှင်းနဲ့ စိတ်ထဲကအပြီးထုတ်ပစ်ဖို့ ဘဲ ခက်တာပါ

မေ့ပစ်ဖို့ ဆိုတာ လွယ်ပါတယ်
အမှတ်တရတွေ ဖျောက်ပစ်ဖို့ ဘဲ ခက်တာပါ

လောကမှာ
တချို့ ကိစ္စ တွေက စဉ်းစားကြည့်ရင်သာ လွယ်လွယ်လေးပါ
ဒါပေမယ့်
တကယ့်လက်တွေ့ ဘဝတွေမှာ မနည်းခွန်အားသုံးပြီး
ကျော်ဖြတ်ရစမြဲပါဘဲ

credit >> unknown

Thwin Gyi

No comments:

Post a Comment