Monday, January 6, 2014

>> သူငယ်ချင်း <<

***သူငယ်ချင်း ***

တစ်ခါတစ်လေဒေါပါ
ပြောရတာလည်းမောပါသည်
စောဒကအလီလီ
ပြောလိုက်ရင် ပြီတီတီနဲ့
မညီမညာ မုသားတွေသုံး
ဘယ်လက်ရုံး ညာလက်ရုံး
တွဲလိုက်တာ တစ်နှစ်မှာနှစ်ယောက်နှုန်း
မိန်းမတို့ ဘုန်းလေလား။

သူငယ်ချင်းတစ်ယောက်ပေမယ့်
တည်ဆောက်ခဲ့တာ မောင်နှမ
မင်းအတွက်နဲ့လေ
ရှောင်ခဲ့သမျှရန်ပွဲတွေ
မျက်နှာချင်းဆိုင်ခဲ့ ရန်ပွဲတွေအကြိမ်ကြိမ်
ငါ့အချိန်တွေမင်းအတွက်ပဲထားခဲ့တယ် သူငယ်ချင်း။

ရိုးသားပါတယ်
ငါရိုးသားခဲ့တယ်
အိုးချင်းထားတော့ထိ
ကြိုးချင်းထားတော့ငြိ
ငါ့ရင်ထဲကသိပေမယ့်
ရင်ထဲမှာရှိ သိတာကိုဘေးဖယ်
သူငယ်ချင်းတစ်ယောက်လို
မောင်နှမတစ်ယောက်လိုပဲ ဖေးမခဲ့ပါတယ်

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။ :)

Thwin Gyi

No comments:

Post a Comment