Wednesday, January 15, 2014

အချို့သူတွေကပြောတယ်

တချို့ သူတွေကပြောတယ် .........ヅ
နင့်ကိုတအားမချစ်နဲ့တဲ့ တချိန်နင်ထားခဲ့ရင်
ငါကျန်ရစ်ခဲ့ရမှာတဲ့

တချို့သူတွေကပြောတယ် ...........ヅ
နင့်ကို တအားတွယ်ကပ်မနေနဲ့တဲ့
တချိန်နင့်ငါကို မလိုအပ်တော့ရင် ငါဘဲ အထီးကျန်ဆန်စွာ
နေရစ်ခဲ့ရမှာတဲ့

တချို့သူတွေကပြောတယ် ............ヅ
နင့်ကိုသိပ်ဂရုမစိုက်နဲ့တဲ့ တချိန်
နင့်ငါကို အလေးမထားတန်ဖိုးမထားတော့အချိန်ကျရင်
ငါခံစားရမှာတဲ့

ဘယ်လိုလုပ်မလဲ ငါကလဲ နင့်ကိုချစ်မိတဲ့သူဆိုတော့
နောင်ဘာဖြစ်ဖြစ်ပါ အခုလက်ရှိအချိန်လေး နင့်ကိုငါ
ချစ်နေရရင်ကျေနပ်တဲ့သူပါလို့ ငါအပြုံးမဲ့စွာ
ပြန်ပြောမိတယ်ချစ်သူ ............

credit to poem

Thwin Gyi

No comments:

Post a Comment