Wednesday, January 8, 2014

သူများကို

သူများဆီက အကူအညီတောင်းတဲ့အချိန်ပြုံးပြုံးလေးတောင်းခဲ့သလို
ကိုယ့်ဆီက အကူအညီပြန်တောင်းရင်လည်း ပြုံးပြုံးလေးပေးလိုက်ပါ

သူများကို အပြစ်ပြောတုန်းက ပြုံးပြုံးလေးပြောခဲ့သလို
ကိုယ့်အပြစ်ကိုသူများကထောက်ပြရင်လည်းပြုံးပြုံးလေးခံလိုက်ပါ

ကိုယ့်ဆန္ဒနဲ့လိုအင်အတွက်သူများကိုချနင်းတုန်းကပြုံးပြုံးလေးနင်းခဲ့သလို
သူများလိုအင်ဆန္ဒအတွက်ကိုယ့်ကို ချနင်းခဲ့ရင်လည်း ကျေနပ်စွာ ခံယူတတ်ပါစေ

သက်တန့်ချို

Thwin Gyi

No comments:

Post a Comment