Thursday, January 16, 2014

အဖြည့်ခံ

~ အဖြည့်ခံ ~

ငါကသစ်ပင်ဆို..
နင်ကငှက်တကောင်ပေါ့...
အဝေးကပျံလာတဲ့ ငှက်ကလေးက
ငါ့အရိပ်ကိုရောက်လာချိန်မှာ...

ဒါဏ်ရာတွေအပြည့်နဲ့ဆိုတော့
သနားအကြင်နာတွေအပြင်
မေတ္တာတွေပါ ပေးမိခဲ့တာ...

သူ့အတွက် ကြည့်နေရင်းနဲ့
ငါ့ကိုယ်ငါပါ မေ့..မေ့..လာ..တာ...

သူနာကျင်ခံစားနေရရင်
ငါကသူ့ထက်ပိုနာကျင်နေ..မိ..တာ...

သူရယ်မောနေရင် ...
ငါက ကျေနပ်နေနိုင်တာ...

တနေ့ပျံထွက်သွားနိုင်တာ သိသိကြီးနဲ့ကို
ငါ ရုန်း..မထွက်..နိုင်..ခဲ့ပါ..

credit >> unknown

No comments:

Post a Comment