Thursday, January 16, 2014

မေမေ

ဒီမယ်ငါ့သား

သားကိုလူ့လောကထဲမှာ
လူတစ်ယောက်ဖြစ်ဖို့အတွက်
မေမေ့ရဲ့နုပျိုတဲ့အလှတွေကိုစတေးပြီး
ကိုယ်ဝန်ဆောင်ခဲ့တုန်းကလည်း
မေမေအပြုံးမပျက်ခဲ့ဘူးသား......

လောကအလယ်အူဝဲဆိုပြီး
ငါ့သားစဝင်လာကတည်းက
အအိပ်အစားပျက်ခဲ့ပေမယ့်လည်း
မေမေအပြုံးမပျက်ခဲ့ဘူးသား........

ကျောင်းနေအရွယ်လူမမယ်ဘဝမှာ
သူများကလေးတွေလိုနေနိုင်ရေး
ရှာဖွေကျွေးမွေးလုပ်ကိုင်ပေးရလည်း
မေမေအပြုံးမပျက်ခဲ့ဘူးသား........

အချိန်တန်လို့ကြင်ယာရှာ
အတောင်စုံလို့သားပျံတဲ့အခါ
သားကိုမခွဲနိုင်လို့ကြိတ်ကာဆွေးပေမယ့်လည်း
မေမေအပြုံးမပျက်ခဲ့ဘူးသား.........

ဘဝတိုက်ပွဲရဲ့စိန်ခေါ်မှူတွေကြားမှာ
အလုပ်တွေရှုပ်ရှုန်းကန်နေရတဲ့လို့
မေမေ့သားမလာနိုင်အားတာကိုလည်း
မေမေအပြုံးမပျက်ခဲ့ဘူးသား........

အနှိုင်းမရှိတဲ့မေတ္တာတရားနဲ့
သားကိုသိပ့်ချစ်ခဲ့တဲ့မေမေ
သားပြန်လာရင် ဝမ်းနည်းနေမှာစိုးလို့
မေမေသေတာတောင်
အပြုံးမပျက်ပြုံးပြထားတယ်သား .......

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment