နင်..သဘောမကျမှန်း ငါသိပါတယ်..
အချစ်ဆိုတာလေ..
မျိုသိပ်လို့ရမယ် ဆို.
နင် အမိန့်ပေးစရာမလိုပါဘူး..
ငါ..ဆွံ့အနေပေးပါ့မယ်..
နင်..မကြိုက်မှန်း..ငါသိပါတယ်..
အလွမ်းဆိုတာလေ..
ဒဏ်ခတ်လို့ရမယ်ဆို..
နင်..အမိန့် ပေးစရာ မလိုပါဘူး..
ကြိမ်လုံးနဲ့ ခပ်နာနာလေး ရိုက်လိုက်မယ်..
နောက်တစ်ခါ..နင့်ကို မလွမ်းရဲအောင်..
တခါတလေ...
လူတစ်ယောက် ပျော်ဖို့ အတွက်..
လူတစ်ယောက် က ငိုပေးရတယ်.. တဲ့..
မတူညီ တဲ့...ချစ်ခြင်းနှစ်ခု ကြားမှာ..
နင် ..ရယ်ဖို့အတွက်..
ငါ..ငိုနေဦးမှာပါ.
credit >> ချစ်သူဆီသို့
No comments:
Post a Comment