Monday, January 6, 2014

ဒီ ၀ဋ်ကြွေးတွေ လွန်ပါစေ...။ မှောင်မိုက်ည တို့ လွန် ပါ စေ...။

တခါက အောင်ဆန်းကွင်း city Mart က အထွက်...။ စိတ်မနံ့ တဲ့ ဝေဒနာရှင် တစ်ဦး ထမင်းစားနေတာကို တွေ့ ရတယ်..။ သူ့ ဘေးမှာက အသင့်စောင့်နေတဲ့ ခွေးတစ်ကောင်..။
ဒီဝေဒနာရှင်က သူ တလုတ်စားပြီးတိုင်း ခွေးကို တလုတ် ချကျွေးနေတာကို တွေ့ ရတယ်..။

ဒီမြင်ကွင်းကို ကြည့်နေစဉ်မှာဘဲ စိတ်ဝေဒန...ာရှင်က သူ့ စားမလို့ လုပ်ပြီးတဲ့( စားမလို့ ဟန်ပြင်ပြီးမှ ) အသားတုံး တစ်ခုကို ခွေးကို ပစ်ကျွေးလိုက်တယ်..။သူကတော့ ဟင်းရည်နဲ့ ဆက်စားနေရဲ့..။

ဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် တုန်လှုပ်ခဲ့တယ်..။ သူက အများအခေါ် (အများအထင်မှာ) အရှုးဖြစ်ကောင်းဖြစ်မယ်..။ ဒါပေမယ့် နှလုံးကောင်းကမရှူးဘူးဗျ..။

သူ မရှူးသေးဘူး..။ သူ့ နှလုံးသား ကောင်းမွန်စွာ တည်ရှိနေတယ်..။
ဒီနေ့ ..။

ရိုက်ကူးရေးလုပ်နေရင်း အကျီ င်္ထုပ် မေ့ကျန်ခဲ့တယ်..။ သတိရလို့  ပြန်သွားယူတော့ အထုပ်နဲ့ မလှမ်းမကမ်းမှာ စိတ်ဝေဒနာရှင် တစ်ဦး ထိုင်နေတယ်..။

( သူက ကျွန်တော်တို့ ကို အစ အဆုံး တစ်ဦးတည်းသော အားပေးသူ ပရိသတ်ပါ..) ကျွန်တော် အနားရောက်တဲ့ အခါ ခြေဟန်လက်ဟန် နဲ့ ရော- စကားနဲ့ ပါ သူ ပြောတယ်..။

သူ ကြည့်ပေးထားတယ် တဲ့...။ဒီစကားကို ကြားတော့ ကျွန်တော် စိတ်ထဲ ဖော်မပြတတ်အောင် ၀မ်းနည်းဝမ်းသာ ဖြစ်မိတယ်..။ အော်..။ အများအထင်တော့ သူက အရှုးပါပဲ..။

ဒါပေမယ့် သူ့ နှလုံးသား မရှုးသေးဘူး..။
သူ့ စိတ်တွေ မဖောက်ပြန်သေးဘူး...။
သူ နှလုံးသား ကောင်းမွန်ပါသေးတယ်..။
သူ့ အတွက် ဆုတောင်းပေးပါတယ်...။ ဒီလိုဘ၀ ဒီ ၀ဋ်ကြွေးတွေ ဒီခဏမှာပဲ လွန်ပါစေ...။ မှောင်မိုက်ည တို့ လွန် ပါ စေ...။
ဒီခဏနဲ့ တင် လွန်မြောက်သွားပါစေ......

မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။ :)

Thwin Gyi

No comments:

Post a Comment