Wednesday, January 15, 2014

ငါက

ငါက လိုအပ်မှုမရှိအောင် ဖြည့်ဆည်းပေး
နိုင်တဲ့သူတော့မဟုတ်ဘူး…ဒါပေမဲ့ နင်ပျော်ရွှင်အောင်
တော့ ဂရုစိုက်မှုလေးတွေနဲ့ ဖန်တီးပေးချင်တဲ့ သူ

ငါက ပြီးပြည့်စုံအောင် လှပနေတဲ့သူ မဟုတ်ပါဘူး
ဒါပေမဲ့ နင်နဲ့ပါတ်သက်ရင်တော့ ငါ့မှာ ချစ်စရာကောင်း
တဲ့ အမူအရာလေးတွေရှိ နေတတ်တဲ့ သူ

ငါက ရင့်ကျက်မှုတွေပိုင်ဆိုင်နေရတဲ့ သူတော့
မဟုတ်ပါဘူး…ဒါပေမဲ့ နင့်အပေါ်မှာတော့ ချစ်တဲ့
စိတ်တွေနဲ့ နားလည်ပေးနေတတ်တဲ့ သူ

ငါ့မှာ လိုအပ်နေတဲ့အရာတွေအများကြီးမရှိပါဘူး
နင် သာ ငါ့အနား ရှိနေပေးနေတဲ့အချိန်တွေဆိုရင်
ငါ့ရဲ့ဘဝကိုပြည့်စုံနေတယ်လို့ ခံစားနေတတ်တဲ့
သူတစ်ယောက်ပါ ချစ်သူ

credit to poem

Thwin Gyi

No comments:

Post a Comment