Tuesday, November 12, 2013

သစ္စာ

ဟိုးမိုးကောင်းကင်က

ကြယ်လေးတွေ ဆိုတာ

ငါတို့နဲ့ အရမ်းကို

အလှမ်းဝေးလွန်းပါတယ်ဟာ

ဒါပေမဲ့

သူ့ရဲ့ လင်းလက်မှုကြောင့်ပဲ

ငါတို့တွေ ပျော်ရွှင်ကြရတယ်လေ

အဲလိုပဲ

နင်နဲ့ငါဆိုတာ

မိုင်ပေါင်းများစွာ

ကွာဝေးတဲ့

တယောက်တနေရာစီမှာပေါ့

ဒါပေမဲ့

နှလုံးသား တွေ ထပ်တူ ကျတော့

ငါတို့ ပျော်ရွှင်ရတယ် လေ

ချစ်သူရေ

ဘယ်အရပ်ဒေသမှာပဲ

ရောက်နေခဲ့ရပါစေ

ငါတို့တွေရဲ့ နှလုံးသားလေးတွေ

ထပ်တူ ကြနေမယ်ဆိုရင်

ငါတို့ တူတူ ရှိနေရသလိုပါပဲ

တယောက်နဲ့တယောက်

သစ္စာ ဆိုတဲ့ကြိုးလေးကို

ယုံကြည်မှု ဆိုတဲ့ ဖဲလေးတွေနဲ့

အခိုင်မာဆုံး ရစ်ပတ်

ထားကြမယ်နော်



Thwin Gyi

No comments:

Post a Comment