Friday, November 8, 2013

Phone တစ်လုံးရဲ့ ဒိုင်ယာရီ

မနက်တိုင်း Morning လို့ ပြောမဲ့ နင့်ဖုန်းလေးကို စောင့်ရတာ ငါ့တာဝန်တစ်ခု


ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ဘာစားပီးပီလဲ ဆိုပီး နင့်ဆီအမြဲ ဖုန်းဆက်မေးတတ်တဲ့ ငါ့အကျင့်တစ်ခု


ငါဘာတွေ လုပ်နေလဲဆိုတာ နင့်ဆီအမြဲ Report တင်တတ်တဲ့ ဆက်သွယ်မှုလေးတစ်ခု


အရမ်းလွမ်းလာတိုင်း Online လေးတတ်ပီး နင့်ဆီ မက်ဆေ့လေးတွေပို့ ပေးထားတတ်တဲ့
ငါ့လုပ်နေကျ အလုပ်တစ်ခု


ညတိုင်း နင်နဲ့ ဖုန်းပြောပီးမှ အိပ်တတ်တဲ့ ငါတို့ ရဲ့ နှုတ်ဆက်မှုလေးတစ်ခု


နေ့ တိုင်းမတွေ့ ရလဲ အမြဲတမ်းအတူရှိနေသလို ခံစားချက်လေးတွေ ဖလှယ်ခွင့် ရှိသလို ………အလွမ်းတွေကို နင့်ဆီရောက်အောင်သယ်ဆောင်ခွင့်လေးတွေလဲပေးပါတယ်


တစ်ကယ်တော့ ငါ့ရဲ့ဖုန်းလေးထဲမှာ နင်ဟာအမြဲတမ်းရှိပါတယ် ချစ်သူ ………
Thwin Gyi 
Credit >> unknown

No comments:

Post a Comment