Sunday, November 10, 2013

"အပြောင်းအလဲ တစ်ခု"

တစ်နေ့  အဖိုးကြီး တစ်ယောက်ဟာ လမ်းလျှောက်နေရင်း တစ်စုံတစ်ခုကို သတိပြုမိသွားတယ်။

အဲ့ဒါက ကောင်လေး တစ်ယောက်ဟာ ပိန်လှီပြီး သေးကျုံ့ နေတဲ့ ခွေးလေခွေးလွင့်တွေကို ပေါင်မုန့် တွေ ဖဲ့ ပြီး ကျွေးနေတာ တွေ့ လိုက်တယ်။

ကောင်လေးနားသွားပြီး ခွေးလေခွေးလွင့် တွေကို ဘာကြောင့် ပေါင်မုန့် တွေ
ဖဲ့ ကျွေးနေသလဲ မေးတာပေါ့။


ကောင်လေးက ဖြေလိုက်တယ်။

"ဘာကြောင့်လဲ ဆိုတော့ သူတို့ မှာ ဘာမှမရှိဘူးလေ။ အိမ်မရှိဘူး ။
မိသားစု မရှိဘူး။ ပြီးတော့ ကျနော် ဘာမှ မကျွေးရင် သူတို့ 
သေသွားတော့မှာ ဗျ"

အဖိုးကြီးက ..

"ဒါပေမဲ့ သူတို့ က အိမ်မရှိယာမရှိ ခွေးလေခွေးလွင့်တွေလေ နေရာတကာမှာ ရှိနေတာပဲ။

မင်း ဒီလို လုပ်လို့  အားလုံးကို တကယ် ပြောင်းလဲအောင် လုပ်နိုင်မှာမှ မဟုတ်တာ" ..
လို့ ဆိုတော့။

ကောင်လေးက ခွေးလေးတွေကို ကြည့်လိုက်တယ် ပြီးတော့ ပွတ်သပ်ပေးလိုက်ရင်း....

"ဒါပေမဲ့ ဒီခွေးလေး အတွက်ကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အပြောင်းအလဲ တစ်ခုလုပ်ပေးနိုင်လိုက်တယ် လို့  ကျနော်ယုံကြည်တယ် ခင်ဗျ "

.
.
.
.

ကဲ..မိတ်ဆွေ တို့ ရော အပြောင်းအလဲ လေး တစ်ခုဖြစ်ဖြစ် လုပ်ပေးကြဖို့ 
စိတ်မ၀င်စားကြဘူးလား..??



မူရင်းရေးသားသူကို ကျေးဇူးအထူးတင်ရှိပါသည်။ :)

No comments:

Post a Comment