Friday, November 8, 2013

ငါနင့်ကို..............

ငါနင့်ကို အရမ်းလွမ်းပါတယ် ဒါပေမဲ့ နင်သိအောင်ပြောပြဖို့ 
အခွင့်အရေး ငါ့မှာ မရှိတော့ဘူးလေ


ငါနင့်ကိုအရမ်းချစ်ပါတယ် ဒါပေမဲ့ ငါတို့ ဘယ်တော့မှ မခွဲဘူးနော်လို့ 
တစ်ချိန်ကပြောခဲ့တဲ့နင်က ငါ့အနားမှာ မရှိတော့ဘူးလေ


ငါနင့်ဘဝလေးထဲမှာ ခိုလှုံချင်ပါတယ် ဒါပေမဲ့ နင့်ရင်ထဲမှာ
ငါ့အတွက်နေရာလေး ပျောက်ဆုံးသွားခဲ့ပီလေ


ငါနင့်ကိုပျော်စေချင်ပါတယ် ဒါပေမဲ့ နင်ပျော်အောင်ဖန်တီးပေးနိုင်တဲ့သူက
ငါကိုယ်တိုင်တော့မဟုတ်တော့ဘူးလေ


ငါနင့်ကို အရာရာဖြည့်ဆီးပေးချင်တယ် ဒါပေမဲ့ ငါ့အနစ်နာခံမှုတွေကို
နင်တန်ဖိုးမထားပေးနိုင်တော့ဘူးလေ


အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း ငါ့ရင်ထဲမှာ ဟိုအရင်က ရှိခဲ့တဲ့နင့်ကို ငါဘယ်တော့မှ မေ့ပစ်လို့ ရမှာ မဟုတ်ပါဘူးချစ်သူ ………


Thwin Gyi

No comments:

Post a Comment