Saturday, November 9, 2013

စိတ်ချမ်းသာစေချင်လို့ပါ

သူ နင့်ကို ထားရစ်ခဲ့တဲ့အခါ နင်ငိုနေမှာလား လို့ တစ်ယောက်ယောက်က ငါ့ကိုမေးလာခဲ့ရင် ..

‘ ဟင့်အင်း ငါ မငိုပါဘူး ’

‘ ဘာလို့လဲ နင် သူ့ကို အရမ်းချစ်တယ် မဟုတ်လား ’

‘ အင်း ချစ်တယ် အရမ်းချစ်လို့ကိုမငိုတော့တာ ... သူနဲ့ချစ်သူဖြစ်ခဲ့တဲ့တစ်လျှောက်မှာတောင် သူ့ကိုမပျော်စေနိုင်ခဲ့တာ
အခုလို သူနဲ့လမ်းခွဲချိန်မှာလည်း သူ့ကို စိတ်မဆင်းရဲစေချင်ဘူးလေ ’

အဲ့ဒါကြောင့်

သူ ငါ့ကို ထားသွားတဲ့အခါ ငါ ဘယ်တော့မှမငိုတော့ဘူး

ငါခံစားရလို့ ငိုနေရတာထက်
သူစိတ်ဆင်းရဲနေတာကိုမြင်ရမှာက ငါ့အတွက် ပိုအနာကျင်ရဆုံးပဲလေ


Thwin Gyi


No comments:

Post a Comment