Sunday, November 10, 2013

ငါဖြစ်ချင်ခဲ့တာ………

ငါဖြစ်ချင်ခဲ့တာ..

နင်လိုအပ်ရင် လိုအပ်တယ်လို့ငါ့ကိုပြောနိင်ပြီး

ငါလိုအပ်ရင်လည်း လိုအပ်တယ်လို့ နင့်ကို ပြောနိုင်တာမျိုး။

ငါဖြစ်ချင်ခဲ့တာ...

နင်ပင်ပန်းရင် ပင်ပန်းတယ်လို့ ငါ့ကိုပြောနိုင်ပြီး

ငါပင်ပန်းနေရင်လည်း ပင်ပန်းတယ်လို့ နင့်ကို ပြောနိုင်တာမျိုး။

ငါဖြစ်ချင်ခဲ့တာ...

ငါတို့လမ်းတွေအတူတူလျှောက်တဲ့အခါ

ငါ့လက်ကိုနင်ဖေးကူပြီး

နင့်လက်ကို ငါအားကိုးစွာ တွဲထားချင်တဲ့..

အဖြူရောင် ဆန်ဆန် တွယ်တာမှုမျိုး။

ငါဖြစ်ချင်ခဲ့တာ...

ငါနဲ့ဝေးဝေးမှာ နင်ရှိလည်း သတိရ စိတ်ချပြီး

နင်နဲ့ဝေးဝေးက ငါ့ကိုလည်းသတိရစိတ်ချနိုင်တာမျိုး။

မပြောဖြစ်တာတွေများပေမဲ့

ငါ့ရင်ထဲ နင်မြင်စေချင်ခဲ့တာ..

Thwin Gyi


No comments:

Post a Comment