Monday, November 11, 2013

အချစ်ကရေးတဲ့စာ

လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ
ကိုယ်ကြောင့် သူကိုအမြဲတမ်းပျော်ရွှင်နေစေချင်သလို
သူဆိုတဲ့အတွေးတွေနဲ့ ကိုယ်ဆိုတာကိုလဲမေ့နေတတ်
လာတယ်

လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ
ကိုယ့်ပုံစံ …ကိုယ့်အမူအရာတွေကို ပြောင်းလဲမပစ်နိုင်
ဘူးဆိုရင်တောင် သူကြိုက်တတ်တဲ့ပုံစံလေးတွေကိုတော့
ပိုင်ဆိုင်နိုင်အောင် ကြိုးစားတတ်လာတယ်

လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ
ဘယ်လိုပဲ ရင့်ကျက်နေတဲ့သူတစ်ယောက်ဖြစ်ပါေ
တစ်ခါတရံတော့ ကိုယ်ချစ်တဲ့သူရှေ့မှာ ကလေးဆန်တဲ့
အမူအရာလေးတွေရှိနေတတ်လာတယ်


လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ
ကိုယ့်ရဲ့မာနဆိုတာက ကိုယ်ချစ်တဲ့သူနဲ့ပါတ်သက်လာ
တဲ့အခါ စွန့်လွှတ်တတ်ဖို့လဲ ဝန်မလေးတော့သလို
အရှုံးပေးတတ်ဖို့ဆိုတာလဲ အလိုလိုတတ်မြောက်လာ
ခဲ့တာပါပဲလေ

Thwin Gyi

No comments:

Post a Comment