Friday, November 8, 2013

အချစ်စစ်

မိန်းမတစ်ယောက်ဟာ ကိုယ်ချစ်ရတဲ့ယောကျာင်္း
တစ်ယောက်ရဲ့ဂရုစိုက်မှု။ယုယကြင်နာမှု။အလေးနက်ထားမှု
တန်ဖိုးထားမှုတွေသာရခဲ့မယ်ဆိုရင် သူ့ရဲ့ဘ၀မှာ
ကံအကောင်းဆုံးမိန်းမတစ်ယောက်အဖြစ်အမြဲသတ်မှတ်
တတ်ကြမှာပါ...

ယောကျာင်္းတစ်ယောက်ဟာလဲ ကိုယ်တန်ဖိုးထားတဲ့မိန်းမ
တစ်ယောက်ဆီက တူညီတဲ့တုံ့ပြန်မှုမျိုး ကိုယ်လိုချင်တဲ့
အချစ်မျိုး သစ္စာတရားနဲ့နားလည်မှုတွေသာရခဲ့မယ်ဆိုရင်
သူ့ကိုယ်သူကံအကောင်းဆုံး ယောကျာင်္းတစ်ယောက်အဖြစ်
သတ်မှတ်ကြမှာပါ...

ကိုယ်ချစ်ရတဲ့မိန်းမတစ်ယောက် ကိုယ့်ကိုတန်ဖိုးထားတဲ့
ယောကျာင်္းတစ်ယောက်ဟာ ကိုယ့်ရဲ့အနားမှာနားလည်မှု
အပြည့်နဲ့သာဘ၀တစ်ခုကိုအတူတူလက်တွဲသွားရမယ်ဆိုရင်
တော့ အားလုံးထက်ကံကောင်းလူအဖြတ်သတ်မှတ်ကြပါ
လိမ့်မည်...

ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်မှာကိုယ့်ချစ်သူကိုမြတ်နိုး
တန်ဖိုးထားပြီး "အချစ်စစ်"နဲ့ချစ်ပေးနိုင်တဲ့လူဆိုတာ
ရှားပါးပစ္စည်းတစ်ခုလိုရှားနေတတ်လို့ပါပဲ..



Thwin Gyi

Credit >> unknown

No comments:

Post a Comment