Sunday, November 10, 2013

ခေါင်းစဉ်မရှိတဲ့ ကဗျာ

နင်ဖွင့်မပြောတဲ့ အချစ်ကို....
ငါလမ်းကြောင်းမပေးဘူး...။
ငါကြောင့်နင် ဖွင့်ပြောတယ်ဆိုတာမျိုး
အဖြစ်မခံနိင်လို့ပါ...။
ဒါပေမဲ့...နင်လက်ကမ်းတဲ့အခါ
ငါ လက်လှမ်းနိုင်ပါတယ်...။

နင်ကငါ့ကို..
ငါ့ပယောဂ မပါပဲ...မြတ်နိုးတယ်ဆိုတာ...
ငါ..ဂုဏ်ယူစွာ သေချာချင်တယ်လေ..

Thwin Gyi

No comments:

Post a Comment